အခန်း(၂၄)-ကိုဒေါင်းနှင့်ဇာတ်မင်းသမီးမြိုင်မာလာအမှု

41 5 0
                                    

#Unicode#

မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••••••••••••
အခန်း(၂၄)
ကိုဒေါင်းနှင့် ဇာတ်မင်းသမီး မြိုင်မာလာ အမှု
••••••••••••••••••••••••••••••••••

အငြိမ့်ဇာတ်စင်ပေါ်မှ လူရွှင်တော်များမှာ ပွဲလာရွှေဧည့် ပရိတ်သတ်များကို အားတုံ့အားနာ မျက်နှာထားလေးဖြင့် တောင်းပန်စကား ဆိုနေကြရသည်။ ပရိတ်သတ်များကလည်း မပြန်ချင်သေးတာကို အတင်းပြန်ခိုင်းလေတော့ တဗျစ်တောက်တောက် ဆူညံဆူညံ လုပ်လျက်ရှိတော့သည်။ လူရွှင်တော်များကလည်း မတတ်နိုင်ပေ။ ဇာတ်ဆရာက အငြိမ့်ကတာကို ရပ်ခိုင်းခဲ့သည်ဘဲ မဟုတ်ပါလား။ ဒါကြောင့် လူရွှင်တော်များမှာလည်း အစွမ်းကုန် တောင်းပန်စကားဆိုလျက် ပရိတ်သတ်များကို ပွဲပြီးပြီဖြစ်ကြောင်း ကြိုးကြိုးစားစား ပြောနေရှာလေ၏။

နောက်ဆုံးတော့ လူရွှင်တော်များ၏ ကြိုးစားမှုက အထမြောက်သွားပေတော့သည်။ ပွဲလာ ပရိတ်သတ်များမှာ ဆူကြ၊ဆဲကြ၊တဗျစ်တောက်တောက် ပြောလျက်ဖြင့် အသီးသီး ပြန်သွားကြချေသည်။

တစ်ချို့များဆို “နောက်နောင် ဒီသိန်းသန်းကြွယ်အငြိမ့်ကို မကြည့်တော့ဘူး” ဟု ကြိမ်းဝါးသွားလျက်။ တစ်ချို့ဆို အငြိမ့်မင်းသမီး မြိုင်မာလာလေးကို ကြည့်ဖို့ အဝေးကနေ လာရတာ ဖြစ်တာကြောင့် “အသုံးမကျတဲ့ အငြိမ့်ကြီး” ဟုပင် ပြောသွားကြသေးသည်။

ပရိတ်သတ်များ ပွဲဆူနေသည်ကို လူရွှင်တော် လေးယောက်ကလည်း ဘာလုပ်လို့ ရနိုင်မှာလဲ။ ဒီအတိုင်း တစ်ချိန်လုံး အားနာပြုံးလေးသာ ပြုံးပြီး ပရိတ်သတ်တွေကို ရိုကျိုးပြရတော့တာဘဲပေါ့။ ပရိတ်သတ်တွေ တစ်ဖြည်းဖြည်း စဲသွားတော့မှ လူရွှင်တော် လေးယောက်မှာလည်း ဇာတ်စင်၏ အလယ်ကနေ နောက်သို့ ဖြေးနှင်းစွာ ဆုတ်သွားသည်။ နောက်တော့ လူရွှင်တော် တစ်ယောက်က ‌ဇာတ်စင်ဘေးသို့ ခပ်သွက်သွက်လေး ပြေးသွားပြီး လိုက်ကာကြိုးကို ဖြည်ချလိုက်လေသည်။ သို့နှင့် ဇာတ်စင်ရှေ့ မျက်နှာစာကို လိုက်ကာစ အနီကြီးက ဖုံးအုပ်သွားတော့သည်။

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Nov 01, 2022 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများOpowieści tętniące życiem. Odkryj je teraz