#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••
သက်သေပျောက်ဆုံးနေသောအမှု
••••••••••••••••••••••••••စက်တင်ဘာလ၊ ၈ရက်၊ ၂၀၀၁ခုနှစ် (တနင်္လာနေ့)
မနက် ခုနှစ်နာရီ၊ ဦးသောင်းဌေး နေအိမ်သို့။သာကေတ မြို့နယ်ရှိ ဦးသောင်းဌေး နေအိမ်တွင် လူအများဖြင့် ပြည့်နေကြတော့သည်။ အကြောင်းမှာကား အသုဘသို့ ဘုန်းကြီးပင့်ဖိတ်ပြီး နေ့ဆွမ်း ကပ်ဖို့ ဖြစ်လေသည်။ ဦးသောင်းဌေး၏ ဆောက်လုပ်ရေးမှ လုပ်သားများမှာလည်း ဦးသောင်းဌေးအိမ်သို့လာကာ ကူလုပ်နေကြလေသည်။ ပြီးနောက် ဦးသောင်းဌေး၏ မိသားစုများမှာလည်း ဒေါ်ခင်စန္ဒာနွယ် (ခေါ်) ခင်လေးအား နှစ်သိမ့်ပေးနေလေသည်။
အစက အသုဘကို သုံးရက်နေမှ လုပ်ဖို့ ဦးသော်တာဆွေ စီစဉ်ထားတာ ဖြစ်လေသည်။ ဒါပေမယ့် ဆေးရုံက အလောင်းရင်ခွဲ ခွဲစိတ်စစ်ဆေးပြီးတော့ အလောင်းအား နေအိမ်သို့ ပြန်ပို့လာတော့သည်။ ဒါနဲ့ဘဲ ခင်လေး၏ သဘောဆန္ဒအရ ဦးသော်တာဆွေမှာ အသုဘဖိတ်စာကို အလျင်အမြန် ပြုလုပ်ပြီး အသုဘကို ချက်ချင်း စီစဉ်ပေးရလေတော့သည်။ ဦးသော်တာဆွေ တစ်ယောက် အလုပ်ရှုပ်နေတာကြောင့် ဖိတ်စာ ဖိတ်တဲ့ကိစ္စကို အတွင်းရေးမှူးဖြစ်တဲ့ လှိုင်းသင့်ကိုဘဲ လွဲထားခဲ့လေသည်။ ဒါနဲ့ဘဲ ဦးသောင်းဌေး အိမ်တွင် အလုပ်ရှုပ်နေကြလေ၏။
ကိုဒေါင်းနှင့် ဆူမိုတို့ ဆရာတပည့် နှစ်ယောက်မှာလည်း လှိုင်းသင့်၏ ဖိတ်ကြားမှုကြောင့် အသုဘကို သွားနေကြလေသည်။ ကိုဒေါင်းတို့ ကားလေးဟာ ဦးသောင်းဌေး အိမ်ရှေ့တွင် ရပ်လိုက်သည်။ ပြီးနောက် ဆူမိုနှင့် အတူ အိမ်ထဲကို သွားလိုက်ကြသည်။
ဦးသောင်းဌေးတို့အိမ်တွင် လူအများ ကျိတ်ကျိတ်တိုးလျက် ရှိကြလေသည်။ အကြောင်းမှာကား ဦးသောင်းဌေးတွင် မိတ်ရင်းဆွေရင်းများ အများအပြား ရှိလို့ပင် ဖြစ်သည်။ အားလုံးက ဦးသောင်းဌေး သေဆုံးမှုကို လာရောက်ပြီး ၀မ်းနည်းကြတာဖြစ်သည်။ တစ်ချို့တွေကတော့ ဦးသောင်းဌေး သူငယ်ချင်းတွေပေါ့။ ဒေါ်ခင်စန္ဒာနွယ်ကို လာရောက် နှစ်သိမ့်ပေးကြသည်ဆိုလည်း မမှားပါဘူး။ အားလုံးမှာ မဏ္ဌပ်စဉ်ဆောက်ထားသော နေရာလေးတွင် ဘုန်းကြီး ကြွအလာကို စောင့်ဆိုင်းရင်း စကားများ တီးတိုးတီးတိုး ပြောနေကြတော့သည်။
YOU ARE READING
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
Adventureဒါကတော့ bl မဟုတ်ဘူးပေါ့လေ။ စုံထောက် ၀တ္ထုလေးပါ။ bromanceတွေလည်း မြင်ရမှာပါ။ ဟာသလေးတွေလည်း ပါမှာပေါ့နော်။ စုံထောက်၀တ္ထုကြိုက်နှစ်သက်တဲ့သူများ သဘောကျမယ်လို့ ထင်ပါတယ်။ အမှုက တစ်ခုပြီးတစ်ခု ရှိလာမှာဖြစ်တဲ့အတွက် ဖတ်ရအဆင်ပြေစေမှာပါ။