#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
•••••••••••••••••••••••••••••••••••
ထူးဆန်းသော မိန်းကလေး
••••••••••••••••••••ဒီနေ့ဟာ ကိုဒေါင်း အတွက် စိတ်အလှုပ်ရှားဆုံး ဖြစ်တဲ့နေ့ဟု ဆိုရပေမည်။ အကြောင်းကား ဒီနေ့က ကိုဒေါင်းတို့ ပထမဆုံး အမှုလိုက်ရမည့် နေ့ဖြစ်သည်။ ဒါကြောင့် ကိုဒေါင်းမှာ စိတ်လှုပ်ရှားနေလေ၏။ စိတ်လှုပ်ရှားနေတဲ့ အနောက်ကနေ စိုးရိမ်ပူပန်မှုဆိုတဲ့ စိတ်ကလည်း တစ်ပါတည်း ပါလာတော့သည်။
ဒါကြောင့် ကိုဒေါင်းမှာ အခန်းထဲတွင် ဟိုဘက်လျှောက်၊ ဒီဘက်လျှောက်လိုက်ဖြင့် လုပ်နေတော့သည်။ လမ်းလျှောက်နေတယ်လို့ဘဲ မထင်လိုက်နဲ့။ ကိုဒေါင်းက အမှုသည်အိမ်ကို ရောက်ရင် ဘာကို အရင် မေးရမလဲ၊ ဘယ်လို မေးရမလဲ ဆိုပြီး တွေးနေတာ ဖြစ်သည်။ တွေးလို့ရရင် စားပွဲပေါ်က စာရွက်လေးမှာ ချရေးလိုက်သေးတာ။
မေးရမယ့် အရာတွေ၊ မေးသင့်တဲ့ အရာတွေ အားလုံး ချရေးပြီးသွားတော့ ကိုဒေါင်း တစ်ယောက် နာရီကို ကြည့်လိုက်သည်။ ခုနှစ်နာရီပင် ရှိလေပြီ။ မနက်စာ စားအုန်းမှာနဲ့ ဆိုတော့ ခုချိန် ထွက်လာလိုက်ရင် မမြမေအိမ်ကို ကိုးနာရီလောက် ရောက်မည် ဖြစ်သည်။ ဒါကြောင့်ဘဲ ကိုဒေါင်းမှာ ထိုင်ခုံမှာ လွှားထားတဲ့ လည်သာကုတ်အရှည်ကို ယူ၀တ်လိုက်သည်။ ပြီးနောက် ခဏကရေးထားတဲ့ စာရွက်လေးကို ခေါက်ပြီး အိတ်ကပ်ထဲ ထည့်လိုက်သည်။ မနေ့တုန်းက မမြမေ ပေးခဲ့တဲ့ ဓာတ်ပုံလိုလို စာရွက်လေးပါ ထည့်ခဲ့လိုက်သည်။ ယူစရာရှိတာတွေ ယူပြီး၊ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ပြီးတာနဲ့ ကိုဒေါင်း တစ်ယောက် တစ်ဦးတည်းသော တပည့်ဖြစ်သူ ဆူမိုကို လှမ်းခေါ်တော့သည်။
“ဟိတ်ကောင် ငမိုရေ အဆင်သင့် ဖြစ်ပြီလား”
“မဖြစ်သေးဘူး ဆရာရေ ခုထိ ထွက်ကောင်းနေတုန်း” ဆိုကာ လိုဏ်ခေါင်းသံလိုလိုဖြင့် ထွက်လာတဲ့ ဆူမိုရဲ့ အသံကို ကိုဒေါင်း ကြားလိုက်ရသည်။ အိမ်သာထဲမှာ ဆိုတာ ကိုဒေါင်း သိလိုက်လေပြီ။ ဒါနဲ့ဘဲ ကိုဒေါင်း မျက်မှောင်ကြုတ်သွားရသည်။
YOU ARE READING
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
Adventureဒါကတော့ bl မဟုတ်ဘူးပေါ့လေ။ စုံထောက် ၀တ္ထုလေးပါ။ bromanceတွေလည်း မြင်ရမှာပါ။ ဟာသလေးတွေလည်း ပါမှာပေါ့နော်။ စုံထောက်၀တ္ထုကြိုက်နှစ်သက်တဲ့သူများ သဘောကျမယ်လို့ ထင်ပါတယ်။ အမှုက တစ်ခုပြီးတစ်ခု ရှိလာမှာဖြစ်တဲ့အတွက် ဖတ်ရအဆင်ပြေစေမှာပါ။