#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••••••••••••ထမင်းစားခန်းက ရန်ပွဲလည်း ဖြစ်ပြီးသွားတော့ အားလုံးက ဧည့်ခန်းမှာ ကိုယ်စီ ထိုင်နေကြတော့သည်။ ဒေါ်တင်မျိုးရင်နှင့် အမျိုးသားဖြစ်သူ ဦးမျိုးအောင်တို့မှာ ဆိုဖာရှည်တစ်ခုမှာ အတူတူ ထိုင်နေကြလေသည်။ အတူတူ ထိုင်နေကြပေမယ့်လည်း တစ်ယောက်နှင့် တစ်ယောက် အမေးအထူး အခေါ်အပြော မလုပ်ကြပါ။ ဒီအတိုင်းသာ နှစ်ယောက်သား ကျောပေးပြီး ထိုင်နေတော့၏။ ဦးခိုင်ရင်ဇော်နှင့် ဇနီးဖြစ်သူ ဒေါ်အိအိ၀င်းတို့မှာလည်း ဒေါ်တင်မျိုးရင်တို့နှင့် မျက်နှာချင်းဆိုင် ဆိုဖာတွင် ထိုင်ကာ တစ်ခုခုကို တီးတိုး တိုင်ပင်နေကြလေသည်။ ဒေါ်ခြည်လဲ့ရင် တစ်ယောက်မှာတော့ တစ်ယောက်ထိုင် ဆိုဖာလေးမှာ ထိုင်ရင်း စီးကရက် ဖွာနေတော့၏။
အခုတော့ ဧည့်ခန်းလေးက ကိုဒေါင်းတို့ စရောက်တုန်းက အနေအထားလို ဖြစ်နေလေသည်။ ကိုဒေါင်းတို့က သက်သက် အုပ်စုတစ်စု၊ ဦးဘရင်၏ သားသမီးများက သက်သက် အုပ်စုတစ်စု ခွဲကာ နေနေလေသည်။ ဧည့်ခန်းလေးဂာလည်း တိတ်ဆိတ်နေလေသည်။ နန်းအေးရင်မှာလည်း ဦးဘရင်ကို အချိုပွဲ ယူသွားပေးပြီး ခုချိန်ထိ အခန်းထဲကကို ထွက်မလာသေးဘူးလေ။
ကိုဒေါင်း တစ်ယောက် ဆိုဖာမှာ ထိုင်နေရင်း ဒေါ်တင်မျိုးရင်တို့ဘက်ကို ချောင်းကြည့်လိုက်သည်။ ပြဿနာတွေများ ဖြစ်နေကြမလား သိချင်လို့ဘဲပေါ့။ ခဏက ထမင်းစားခန်းမှာ အခြေအနေတွေက အရမ်းကို တင်းမာနေကြတာလေ။ အခုတော့ ဘာမှမဖြစ်ခဲ့တဲ့အတိုင်း တိတ်တိတ်ဆိတ်ဆိတ်ကို နေနေကြတာ။ ဒါမှမဟုတ် ဦးဘရင်ရဲ့ အခြေအနေအရ ဆူဆူညံညံ မလုပ်ကြတာများလား။ ကိုဒေါင်း တစ်ယောက် ဟိုဘက်အုပ်စုကို မသိမသာကြည့်ရင်း စဉ်းစားလို့နေလေ၏။
ထိုအချိန်တွင်ပင် ကိုဒေါင်းရဲ့ မြင်ကွင်းထဲသို့ ခက်ရင်းထိုးထားတဲ့ အသီးကြီးက ပေါ်လာတော့သည်။ ဒါနဲ့ဘဲ ကိုဒေါင်း မျက်မှောင်ကြုတ်သွားရလေသည်။
“ဆရာ…… စားကြည့် အသီးလေးတွေက ချိုနေတာဘဲ” ဆိုပြီး ပြောလာသောကြောင့် ဒါဟာ တပည့်ဖြစ်သူ ဆူမိုဖြစ်သည် ဆိုတာ ကိုဒေါင်း အလိုလို သိလိုက်လေသည်။ ဒါနဲ့ ကိုဒေါင်းလည်း ခက်ရင်းကို ယူလိုက်ပြီး သစ်တော်သီးကို စားလိုက်လေတော့သည်။ ကိုဒေါင်းမှာ အသီး စားနေပေမယ့် အကြည့်ကတော့ မပျက်ပါ။
YOU ARE READING
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
Adventureဒါကတော့ bl မဟုတ်ဘူးပေါ့လေ။ စုံထောက် ၀တ္ထုလေးပါ။ bromanceတွေလည်း မြင်ရမှာပါ။ ဟာသလေးတွေလည်း ပါမှာပေါ့နော်။ စုံထောက်၀တ္ထုကြိုက်နှစ်သက်တဲ့သူများ သဘောကျမယ်လို့ ထင်ပါတယ်။ အမှုက တစ်ခုပြီးတစ်ခု ရှိလာမှာဖြစ်တဲ့အတွက် ဖတ်ရအဆင်ပြေစေမှာပါ။