#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••••••••••••“အင်း…….. အွန်း……… ကျွတ်…… ကျွတ်…….ကျွတ်……..” ဆိုကာ ခေါင်းကို ဖိနှိပ်ပြီး ညည်းညူရင်းဖြင့် ကောင်းထက်လင်း တစ်ယောက် သတိရလာတော့၏။
ကောင်းထက်လင်း သတိရလာတော့ ကိုဒေါင်းနှင့် ညာဏ်လင်းတို့ နှစ်ယောက်မှာ ကောင်းထက်လင်း အနားသို့ ရောက်လာချေသည်။
“ကိုကောင်းထက်လင်း သက်သာရဲ့လား” ဟု ကိုဒေါင်းကနေမှ မေးလိုက်သည်။
“သူငယ်ချင်း ဦးဘရင် အခန်းထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ” ဆိုကာ ညာဏ်လင်းကနေမှ ထပ်မေးပြန်လေသည်။
ကောင်းထက်လင်း တစ်ယောက်မှာတော့ ကိုဒေါင်းနှင့် ညာဏ်လင်းတို့ ပြောနေတာကို ကြားဟန်မတူ။ ခေါင်းကိုသာ ဖိနှိပ်လို့ နေလေ၏။ အတော်ကြာ ဖိနှိပ်နေပြီးမှ ကောင်းထက်လင်းဆီမှ စကားတစ်ချို့ ထွက်လာတော့၏။
“ကျွန်တော့်ခေါင်းကို အရိုက်ခံလိုက်ရတာဗျ”
“ဘာ…………ဘယ်လို……….” ဆိုပြီး ကိုဒေါင်းနှင့် ညာဏ်လင်းတို့ အော်လိုက်ကြလေသည်။
ကိုဒေါင်းတို့ အော်သံ ကျယ်သွားတာကြောင့် ကိုဒေါင်း တစ်ယောက် အနောက်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ဦးမျိုးအောင်နှင့် ဦးခိုင်ရင်ဇော်တို့မှာ အိပ်မောကျလျက် ရှိနေလေသည်။ ဆူမိုလည်း အိပ်နေဆဲပင်။ ကိုဒေါင်း အနောက်ကို ကြည့်ပြီးတော့ ကောင်းထက်လင်းဖက်ကို ပြန်လှည့်လာလေသည်။
“ကိုကောင်းထက်လင်း ပြောချင်တာက” ဟု ကိုဒေါင်း ထပ်မေးလိုက်သည်။ ညာဏ်လင်းမှာတော့ ကောင်းထက်လင်းကို ကြည့်နေလေ၏။
“ဦးဘရင် အခန်းထဲမှာ တစ်ယောက်ယောက် ရှိနေတယ်……..” လို့ ကောင်းထက်လင်း ပြောလာတော့သည်။
ကိုဒေါင်းနှင့် ညာဏ်လင်းတို့မှာတော့ ကောင်းထက်လင်း စကားကို ကြားပြီး အံ့ဩမှင်တက်နေလေသည်။
“ဒါနဲ့ နေအုန်း………..” ဆိုပြီး ကောင်းထက်လင်းမှာ သူ့ရဲ့ လက်ဆွဲအိတ်ကို ကမန်းကတန်းဖြင့် ရှာနေလေသည်။
YOU ARE READING
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
Adventureဒါကတော့ bl မဟုတ်ဘူးပေါ့လေ။ စုံထောက် ၀တ္ထုလေးပါ။ bromanceတွေလည်း မြင်ရမှာပါ။ ဟာသလေးတွေလည်း ပါမှာပေါ့နော်။ စုံထောက်၀တ္ထုကြိုက်နှစ်သက်တဲ့သူများ သဘောကျမယ်လို့ ထင်ပါတယ်။ အမှုက တစ်ခုပြီးတစ်ခု ရှိလာမှာဖြစ်တဲ့အတွက် ဖတ်ရအဆင်ပြေစေမှာပါ။