#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••••
အခန်း(၂၁)
ကိုဒေါင်းနှင့် ဇာတ်မင်းသမီး မြိုင်မာလာ အမှု
••••••••••••••••••••••••••••••••••••••••"မြိုင်မာလာ..........
မြိုင်မာလာ.............
မြိုင်မာလာ..............
မြိုင်မာလာ................"ကတ်စက်ကနေ "မြိုင်မာလာ" ဆိုသည့် သံပြိုင် ထွက်ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် ဇာတ်စင်မှ လိုက်ကာလေးမှာလည်း အပေါ်သို့ ဖြည်းနှင်းစွာ မြောက်တက်သွားတော့သည်။ လိုက်ကာလေး မြောက်တက်သွားသည်နှင့် ဇာတ်စင်၏ အလယ်တွင် ကြော့မော့စွာဖြင့် ကျောပေးရပ်နေသော အငြိမ့်သမလေး၏ ပုံရိပ်ဟာလည်း ခြေမျက်စိကနေ ထိပ်ခေါင်းပိုင်းထိသို့ တစ်ဖြည်းဖြည်း ပေါ်လာပါလေသည်။
လိုက်ကာလေး မြောက်တက်သွားတာ ဆုံးသွားရော အငြိမ့်သမလေး၏ ကြော့မော့စွာ ကျောပေးပြီး ရပ်နေတာလေးကလည်း ထင်သာမြင်သာ ရှိသည့်နှယ် ဖြစ်သွားတော့သည်။ မှောင်ရိပ်လေး လွမ်းနေတာတောင်မှ ထိုအငြိမ့်သမလေး၏ ကောက်ကြောင်းမှာ ပေါ်လွင်လှသည်။ ခေါင်းကို ဘေးသို့ စောင်းထား၏။ လက်ကိုလည်း သေသပ်စွာ ချိုးယူထား၏။ ခြေထောက် အနေအထားကိုလည်း စေ့စေ့စပ်စပ် နေရာယူထားလေ၏။ တင်လေးကို ပစ်ကာ ခါးလေးကိုလည်း ကော့ထားသေး၏။ ဒီလောက် မှောင်ရိပ်ကျနေတာတောင် အလှတရား ကောက်ကြောင်းက ပေါ်လွင်နေတာ၊ မီးမောင်းသာ ထိုးချလိုက်ရင် ဘယ်လောက်တောင် အလှတရားက ပေါ်လွင်လိမ့်မလဲနော်။ ပွဲကြည့် ပရိတ်သတ်အနေနဲ့ ထိုအငြိမ့်သမလေးရဲ့ အလှမှာ နစ်မြောသွားမှာ အမှန် သေချာပင်။
အချိန် ဘယ်လောက်မှ မကြာလိုက်။ မီးဆိုင်းများဟာ ထိန်ထိန်လင်းလျက် အငြိမ့်သမလေးကို ထင်ထင်သာသာ ဖြစ်အောင် ပံ့ပိုးလာတော့သည်။ မီးဆိုင်းများ ထိန်လင်းလာတာကြောင့် ကျောပေးပြီး ရပ်နေသော အငြိမ့်သမလေး၏ ပုံရိပ်မှာ ပိုပြီး ထင်ရှားပေါ်လွင်လာပါတော့၏။ နောက်ပြီး အငြိမ့်သမလေး၏ ကိုယ်လုံးကိုယ်ပေါက်ဟာလည်း ပြောက်ရက်စရာမရှိ လှပလွန်းလှပါဘိ။ နောက်ကျောပေး ရပ်ထားတာတောင် ဆွဲဆောင်မှုက တစ်ပါးမှ လျော့မသွားပေ။ မျက်နှာလေးသာ ပေါ်တော်မူလာပါက ပွဲကြည့် ပရိသတ်တွေကို ဘယ်လောက်ထိတောင် ဖမ်းစားသွားမလဲ ဆိုတာ သိချင်လွန်းပါဘိ။
YOU ARE READING
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
Adventureဒါကတော့ bl မဟုတ်ဘူးပေါ့လေ။ စုံထောက် ၀တ္ထုလေးပါ။ bromanceတွေလည်း မြင်ရမှာပါ။ ဟာသလေးတွေလည်း ပါမှာပေါ့နော်။ စုံထောက်၀တ္ထုကြိုက်နှစ်သက်တဲ့သူများ သဘောကျမယ်လို့ ထင်ပါတယ်။ အမှုက တစ်ခုပြီးတစ်ခု ရှိလာမှာဖြစ်တဲ့အတွက် ဖတ်ရအဆင်ပြေစေမှာပါ။