အခန်း(၇)-သက်သေပျောက်ဆုံးနေသောအမှု

70 26 1
                                    

#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••••••••••••
သက်သေပျောက်ဆုံးနေသောအမှု
••••••••••••••••••••••••••••••

စက်တင်ဘာလ၊ ၇ရက်၊ ၂၀၀၁ခုနှစ် (တနင်္ဂနွေနေ့)

ညနက်ချေပြီ။ အချိန်ကား ဆယ့်တစ်ထိုးပြီမလို့ သာကေတ စက်မှုဇုန် ပတ်၀န်းကျင် တစ်ခုလုံးမှာ ငြိမ်သက် တိတ်ဆိတ်နေကြလေသည်။ ထိုကဲ့သို့ ငြိမ်သက်နေပေမယ့်လည်း ဆောက်လုပ်‌နေစဲ သုံးထပ်တိုက် အဆောက်အဦး တစ်ခုတွင်တော့ တီးတိုး စကားပြောသံများနှင့် အသံ တစ်စတစ်စတို့ ထွက်ပေါ်နေတော့သည်။ ထိုအဆောက်အဦး‌ပေါ်မှာ အသက်ခပ်ကြီးကြီး လူနှစ်ယောက် ဆွေးနွေးစရာ ကိစ္စများကို ဆွေး‌နွေးနေကြတာ ဖြစ်ချေသည်။

ထိုသူများမှာတော့ သာကေတ စက်မှုဇုန်ရဲ့  ဆောက်လုပ်ရေး လုပ်ငန်း‌ အများစုကို ပိုင်ဆိုင်ပြီး ကိုယ်တိုင်လည်း ဦးစီးနေသူ ဦးသောင်းဌေးနှင့် သာကေတ စက်မှုဇုန်ရဲ့ အကြီးစား မြေပွဲစားနှင့် မြေကွက်အများစုကို ပိုင်ဆိုင်သူ ဦး‌သော်တာဆွေ (ခေါ်) ဦးမှန်းမလွဲ တို့ပင် ဖြစ်ကြလေသည်။

သာကေတ စက်မှုဇုန်လေးက သာတေကမြို့နယ်ထဲက တိုက်ခန်းငယ်၊ ဆိုင်ခန်းငယ်များနှင့် စည်ကားလျက်ရှိကြသည်။ ဆိုင်ခန်း၊ တိုက်ခန်းတွေနဲ့ စည်ကားတိုက်မြိုက် လာရသည်မှာလည်း ဦးသောင်းဌေးနှင့် ဦးသော်တာဆွေတို့ရဲ့ စီးပွား‌ရေး အကွက်အမြင်ကြောင့် တို့ပင် ဖြစ်လေသည်။

အရင် ၁၉၉၉ခုနှစ် အချိန်က သာကေတမြို့နယ်‌လေးဟာ ကိုယ့်မြို့ခံ ပြည်သူတွေနဲ့သာ သီးခြား ရှိနေခဲ့သလို၊ စီးပွားရေးမှာလည်း အသင့်အတင့် လုပ်ကိုင်ကြတဲ့ သူတွေနှင့်သာ ပြည့်နှက်နေတဲ့ မြို့နယ်လေး ဖြစ်လေသည်။ ၁၉၉၉ခုနှစ် အကုန် ၂၀၀၀ခုနှစ်ပိုင်း အစမှာတော့ ဦးသောင်းဌေးဟာ သာကေတ မြို့နယ်လေးမှာ အခြေချပြီး ကျင်လည် ကျက်စားလာခဲ့တော့သည်။ အစပိုင်းတွင်တော့‌ ဆောက်လုပ်ရေးအသေးလေး ဖွင့်ကာ ‌အိမ်ဆောက်ပေးသည့် ၀န်ဆောင်မှုကိုသာ အဓိကထား လုပ်ဆောင်ပေးခဲ့သည်။ ဒီလိုနဲ့ ဦးသောင်းဌေးမှာ ထိုဆောက်လုပ်ရေး ကန်ထရိုက် အသေးလေးနှင့် သာကေတမှာ အဆင်ပြေ ချောမွေ့နေခဲ့လေသည်။

မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများWhere stories live. Discover now