#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••••••••••••
အခန်း(၂၂)
ကိုဒေါင်းနှင့် ဇာတ်မင်းသမီး မြိုင်မာလာ အမှု
••••••••••••••••••••••••••••••••••မနက်ခင်း စောစော တစ်ခုတွင် ကိုဒေါင်း တစ်ယောက် တံခါးပေါက်ကို တစ်ယောက်ယောက်အား မျှော်နေသည့် သူကဲ့သို့ စိုက်ကြည့်နေတော့၏။ ဒီတစ်ခါမှာတော့ ကိုဒေါင်းမှာ တံခါးကို “အမှုလာအပ်တဲ့သူ လာပါစေ” ဆိုသည့် အတွေးအထင်ဖြင့် ကြည့်နေခြင်း မဟုတ်။ အခုချိန်မှာတော့ တပည့်ဖြစ်သူ ဆူမို မြန်မြန်ပြန်လာဖို့ကို ဆုတောင်းပြီး တံခါးကို မျှော်ကြည့်နေတာဘဲ ဖြစ်ချေသည်။
ကိုဒေါင်း တပည့်ဖြစ်သူ ဆူမိုကို မျှော်နေရသည့် အကြောင်းအရင်းကတော့ မနက်စာကြောင့်ဘဲ ဖြစ်ချေသည်။ ကိုဒေါင်းမှာ တပည့်ဖြစ်သူ ဆူမိုကို မနက်စာ အ၀ယ်သွားခိုင်းလိုက်တာဘဲ ဖြစ်သည်။ ခါတိုင်းဆိုလျှင် ကိုဒေါင်း သွားမ၀ယ်ခိုင်းပါ။ ကိုဒေါင်းသာ အပြင်သွားပြီး တပည့်ဖြစ်သူ အတွက်ပါ မနက်စာ ၀ယ်လာပေးလေသည်။ အခုတော့ ကိုဒေါင်း တစ်ယောက် မနက်ကတည်းက စိတ်မကြည်မသာ ဖြစ်နေလို့ပင် ဖြစ်သည်။ ကြည့်ရတာ မနေ့က အမှုတစ်ခုမှ လက်မရတာကြောင့် ညစ်နေတဲ့ စိတ်တွေက ဒီနေ့ထိ ပါလာခဲ့ပုံပါဘဲ။
ဒါကြောင့်ဘဲ ကိုဒေါင်းမှာ တပည့်ဖြစ်သူ ဆူမို ထတဲ့အထိ အောင့်အီးကာ စောင့်ပြီး မနက်စာ သွား၀ယ်ခိုင်းခဲ့တာ ဖြစ်သည်။ အခုလည်း ထပ်ပြီး စောင့်ရပြန်တာပါဘဲ။ ခါတိုင်း တစ်ခါလောက် မနက်စာ ၀ယ်ခိုင်းလိုက်ရင် မကြာပါဘူး။ ခဏလေးနှင့် ပြန်လာချေပြီ။ ခုတော့ တော်တော်ကို ကြာနေလေပြီ။
“ဒီကောင် ဘာလို့ ဒီလောက် ကြာနေတာပါလိမ့်” ဆိုပြီး ကိုဒေါင်း တစ်ယောက် ထိုင်ခုံမှာ မှီထိုင်လိုက်ရင်းမှ တိုးတိုးလေး ရွတ်ဆိုလိုက်သည်။
ဒါနဲ့ ကိုဒေါင်းလည်း ဗိုက်ဆာတဲ့စိတ် ပျောက်လိုပျောက်ငြား မျက်နှာကြက်ကြီးကို တစ်စိမ့်စိမ့်ကြည့်ကာ နေတော့သည်။ သို့သော်လည်း ကိုဒေါင်းရဲ့ ဗိုက်ဆာတဲ့ စိတ်က ပျောက်မသွားခဲ့ပါ။
YOU ARE READING
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
Adventureဒါကတော့ bl မဟုတ်ဘူးပေါ့လေ။ စုံထောက် ၀တ္ထုလေးပါ။ bromanceတွေလည်း မြင်ရမှာပါ။ ဟာသလေးတွေလည်း ပါမှာပေါ့နော်။ စုံထောက်၀တ္ထုကြိုက်နှစ်သက်တဲ့သူများ သဘောကျမယ်လို့ ထင်ပါတယ်။ အမှုက တစ်ခုပြီးတစ်ခု ရှိလာမှာဖြစ်တဲ့အတွက် ဖတ်ရအဆင်ပြေစေမှာပါ။