အခန်း(၁‌၈)-ခမ်းနားသော အိမ်ကြီးမှမိသားစုများ

44 20 0
                                    

#Unicode#

မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••
စက်တင်ဘာလ၊ ၂၆ရက်၊ ၂၀၀၁ခုနှစ်(ကြာသပတေးနေ့)

စစ်ဆေးမေးမြန်းခန်း

အခုဆိုရင် ဦးဘရင်အိမ်မှာ တော်တော်လေး ဖြစ်ပျက်သွားခဲ့သည်။ လူသတ်မှုလည်း ဖြစ်ဖွားခဲ့သည်။ လူသတ်မှု ဖြစ်တဲ့အပြင် အိမ်ကြီးထဲမှာ အမည်မဖော်လိုသူ တစ်ဦးက ရှိနေပြန်သေးသည်။ အမည်မဖော်လိုသူက ယောကျာ်းလေးလား၊ မိန်းကလေးလား ဆိုတာလည်း ခုထိ မသိရသေးပါ။ ပြီးတော့လည်း ဖြစ်ပွားခဲ့တာက တစ်ရက်ထဲဘဲ မဟုတ်ပါလား။ တစ်ရက်ထဲကို ဦးဘရင်အိမ်ရဲ့ အိပ်ခန်းထဲမှာ ဦးဘရင် အသတ်ခံခဲ့ရသလို၊ အမည်မဖော်လိုသူ တစ်ဦး ရှိနေတယ်ဆိုတာပါ သိခဲ့ရလေသည်။ ဦးဘရင် အိမ်ကဘဲ ကံအဆိုးအညံ့တွေ ရှိနေတာလား။ ဒါမှမဟုတ် ကံကြမ္မာကဘဲ ကိုဒေါင်း အတွက် အခွင့်အရေး ဖန်ပေးခဲ့လေသလားဘဲ။ ကိုဒေါင်းတို့ကတော့ စုံစမ်းစစ်ဆေးဖို့ အခွင့်အရေးရလာလျှင် လက်မလွတ်တတ်တဲ့ လူစားမျိုးထဲမှာ ပါသည်လေ။

ဦးဘရင်ရဲ့ ခြံ၀န်းထဲကနေ ရဲကားတွေ ထွက်သွားတော့သည်။ ရဲကား ထွက်သွားတာကို ကြည့်နေရင်းမှ ကိုဒေါင်းမှာ အိမ်ကြီးဘက်သို့ ပြန်လှည့်လိုက်လေသည်။

"ကဲ...... ဘက်ဆက်လုပ်ကြမလဲ ကိုဒေါင်း" ဆိုကာ အနားမှာရှိနေတဲ့ ရွှေမိက ကိုဒေါင်းကို မေးလိုက်လေသည်။

"ဘာကို ဘက်ဆက်လုပ်ရမှာကို ပြောတာလဲ ရွှေမိ....... ဟောဒီက ကိုဒေါင်းက စုံထောက်ဘဲလေ..... စုံစမ်းမေးမြန်းရ‌တော့မှာပေါ့" လို့
ကိုဒေါင်း တစ်ယောက် ယုံကြည်ချက် အပြည့်ဖြင့် ပြောပြီးတော့ အိမ်ကြီးထဲသို့ ၀င်သွားတော့၏။

ရွှေမိမှာ ယုံကြည်မှု အပြည့်ဖြင့် အိမ်ထဲသို့ ကြော့ကြော့မော့မော့ သွားနေတဲ့ ‌ကိုဒေါင်းရဲ့ ကျောပြင်ကို ကြည့်ပြီးတော့ ဆူမိုဘက်သို့ လှည့်လိုက်လေသည်။

"နင့် ဆရာက အဲ့လိုဘဲလား" ဟု ရွှေမိကနေမှ ဆူမိုအား တိုးတိုးလေး လှမ်းမေးလိုက်သည်။

"တစ်ခါတစ်လေတော့ အဲ့လိုဘဲ အမရွှေမိရေ...... ခုတော့ အိမ်ကြီးထဲ လိုက်၀င်သွားကြရအောင်" ဟု ဆူမိုမှာ ရွှေမိအား တိုးတိုးလေး ပြန်ဖြေလေသည်။

မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများWhere stories live. Discover now