မြိုင်မာလာ

39 8 0
                                    

#Umicode#

(အဖွင့်)
“မြိုင်မာလာ……….
မြိုင်မာလာ………….
မြိုင်မာလာ…………..
မြိုင်မာလာ……………."

....................(အဖွင့်တီးလုံး)...............

“မြိုင်မာလာ…..  မြိုင်မာလာ…….
  ဟောဒီက မြိုင်….မာ….လာ…… 
ရှေ့တော်‌မှောက်သို့ အရောက် ကြွမြန်းလာပါပြီ…..”

“အဆို၊ အက၊ အလှ တို့မှာ နှစ်ယောက်မရှိတဲ့ မြိုင်မာလာ……
  ပရိတ်သတ်တို့ ရင်ထဲ စွဲလမ်းစေမယ့် မြိုင်မာလာ…….
  ထင်ပေါ် ကျော်စောလွန်းလှပါပြီ ဆိုတဲ့ မြိုင်မာလာ……
  မြိုင်မာလာ……. မြိုင်မာလာ……
  ဟောဒီက အလှပလေး မြိုင်……မာ….. လာ….. ပါရှင်”

(သီချင်း တစ်ဖြတ်)

“ဟေ့.... ဒီကနှမက ဘယ်သူတဲ့တုန်း.......”(လူရွှင်တော်)

“အိုး...... လှပကြော့ရှင်းလွန်းတဲ့ မြိုင်မာလာပါတော်......”

“ဟေ့.... ဒီနှမက ဘယ်သူတဲ့တုန်း....... ဘယ်သူတဲ့တုန်း.......”
(လူရွှင်တော်)

“အိုး..... အဆိုအကမှာ သိပ်ကိုတော်တဲ့ မြိုင်မာလာပါရှင်......”

“ဟေ့.... ဒီကနှမက ဘယ်သူတဲ့တုန်းလို့.......”(လူရွှင်တော်)

“အိုးတော်...... အဆို၊ အက၊ အလှတို့မှာ ထင်ပေါ်ကျော်စောလွန်းတဲ့ မြိုင်မာလာပါတော်.......
မြိုင်မာလာ....... မြိုင်မာလာ.......
ဟောဒီက နှမလေးက မြိုင်မာလာလို့ ခေါ်ပါသတဲ့ရှင်.......”

“ဟေ့..... ညီနောင်တို့ ဟောဒီက နှမလေးက မြိုင်မာလာတဲ့ဟေ့..... မြိုင်မာလာ.......
မြိုင်မာလာ...... ဟုတ်၊ မဟုတ်ကို...... ညီနောင်တို့  ဘယ်လိုလုပ်သိမှာ....
မြိုင်မာလာ...... ဟုတ်၊ မဟုတ်ကို...... ညီနောင်တို့  ဘယ်လိုလုပ်သိမှာ....
နှမလေးက တစ်ကယ်ကော မြိုင်မာလာ ဟုတ်ပါရဲ့လား”
(လူရွှင်တော်)

“ပရိတ်သတ်ကြီးရှင့်..... ဟောဒီက အကိုတော်၊မောင်တော်တို့က ဒီကနှမလေးကို မြိုင်မာလာ မဟုတ်ဘူးတဲ့ရှင်...... ဘယ်လိုလုပ်ရပါ့မလဲ” (စကားပြော)

“ဗျို့ အကိုတော်တို့၊ မောင်တော်တို့........
ဟောဒီက နှမလေးဟာ မြိုင်မာလာ အစစ်ပါရှင်......
ဟောဒီက နှမလေးဟာ ပါးစပ်ဖျားမှာ ပျားရည်ပမာ စွဲသွားစေမယ့် မြိုင်မာလာ အစစ်ပါရှင်.....
ဟောဒီက နှမလေးဟာ လူတိုင်း ‌ကြိုက်နှစ်ရတဲ့ မြိုင်မာလာ အစစ်ပါရှင်......
ဟောဒီဟ နှမလေးဟာ ပြောစမှတ်တွင်ကြတဲ့ မြိုင်မာလာ အစစ်ပါရှင်.....
မြိုင်မာလာမှ မြိုင်မာလာ...... ချွေးစက် မပြောနှင့် ရေတောင်မရောတဲ့ မြိုင်မာလာ အစစ်ပါရှင်”

မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများWhere stories live. Discover now