အခန်း(၄)-ထူးဆန်းသော မိန်းကလေး

93 32 7
                                    

#Unicode#
မစ္စတာ‌ဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
•••••••••••••••••••••••••••••••••
ထူးဆန်းသော မိန်းကလေး
••••••••••••••••••••

ကိုဒေါင်းတို့ ဆရာတပည့် နှစ်ယောက် အခန်းပြန်ရောက်တုန်း ခဏမှာဘဲ တံခါးခေါက်သံ ကြားလိုက်ရတော့သည်။
ကိုဒေါင်းက ၀င်လာခဲ့ဖို့ ပြောလိုက်ပေမယ့်လည် တံခါးက ဖွင့်မလာပါ။ ‌ဒါကြောင့် ကိုဒေါင်း တစ်ယောက် စိတ်မရှည် ဖြစ်ကာ တံခါးနားသွားပြီး တံခါးကို ဆွဲဖွင့်လိုက်လေသည်။ တံခါးဖွင့်ဖွင့်ချင်းမှာဘဲ မိန်းမငယ်လေး တစ်ယောက် ရပ်နေတာ တွေ့ရတော့သည်။

ထိုမိန်းမငယ်လေးမှာလည်း ကိုဒေါင်းကို ကူကယ်ရာမဲ့နေတဲ့ မျက်၀န်းအစုံဖြင့် ကြည့်နေရှာသည်။ ကိုဒေါင်းမှာလဲ ဘာမှမပြောဘဲ ထိုမိန်းကလေးကိုသာ ခေါင်းအစ ခြေအဆုံး စိုက်ကြည့်နေလေ၏။

ထိုမိန်းကလေးသည်ကား အလယ်အလတ် နေနိုင်၊စားနိုင်တဲ့ အသိုင်းအဝိုင်းက ဖြစ်ဖို့များသည်။ ၀တ်စားထားသည်မှာလည်း သပ်သပ်ရပ်ရပ်နှင့် ရှိလှသည်။ တစ်ယောက်ယောက် တွေ့မည်ကို စိုးရိမ်သည်နှင့် ဟန်တူသည်။ ပုဝါနဲ့ ခေါင်းမြှီးခြုံထားသေးသည်။

ကိုဒေါင်း တစ်ယောက် ထိုမိန်းကလေးကို စိုက်ကြည့်နေသည်မှာ အတော်ပင် ကြာသွားလေသည်။ ဘေးနားကို ဆူမို ရောက်လာတော့မှ ဧည့်ခံဖို့ သတိရလာတော့သည်။

“အော်….အားနာလိုက်တာ……အိမ်ထဲ မခေါ်ဘဲ ဒီအတိုင်း ရပ်ကြည့်နေမိလို့…….လာပါ လာပါ အိမ်ထဲကို ၀င်ပါခင်ဗျ”

ကိုဒေါင်း ပြောလိုက်တော့ ထိုမိန်းကလေးက ကိုဒေါင်းကို တစ်ချက်ကြည့်လာတော့သည်။ ပြီးနောက် ဘေးဘီကို တစ်ချက်ကို ဝေ့ကြည့်ပြန်သည်။ ပြီးကာမှ ကိုယ်ကို ကျုံ့ကာ အခန်းထဲ ၀င်လာတော့သည်။ ကိုဒေါင်းလည်း ထိုမိန်းကလေး ၀င်လာတော့ တံခါးကို ချက်ချင်း ပြန်ပိတ်လိုက်လေသည်။

ကိုဒေါင်း တံခါးပိတ်ပြီး ထိုမိန်းကလေးကို ကြည့်လိုက်သည်။ ထိုမိန်းကလေးက ကိုဒေါင်းထိုင်နေကျ စာပွဲခုံရှေ့က ခုံမှာ အသင့်ထိုင်လျက်သား။ ဒါနဲ့ ကိုဒေါင်းလည်း ကိုယ့်နေရာကို ပြန်လာလိုက်သည်။ ကိုဒေါင်းက ကိုယ့်နေရာကို ထိုင်ပြီးသည်နှင့် ထိုမိန်းကလေးကို တစ်ချက်ကြည့်သည်။ ထိုမိန်းကလေးကလည်း ကိုဒေါင်းကို ပြန်ကြည့်ပြီး ခေါင်းငုံ့သွားလေသည်။ ပြီးနောက် ကိုဒေါင်းက ဆူမိုကို လှမ်းခေါ်တော့သည်။

မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများWhere stories live. Discover now