အခန်း(၁၀)-သက်သေပျောက်ဆုံးနေသောအမှု

51 22 3
                                    

#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••
သက်သေပျောက်ဆုံးနေသောအမှု
••••••••••••••••••••••••••

ကိုဒေါင်း တစ်ယောက် လက်ဖက်ရည်ဆိုင်ထဲက ထွက်ကာ ဘေးဘီကို ကြည့်လိုက်တော့သည်။ ညာဏ်လင်းကို ရှာမတွေ့တော့ ကိုဒေါင်းမှာ ဆောက်လုပ်ရေး‌ဆိုက်ဘက်သို့ အလျင်အမြန် ပြေးသွားကာ ညာဏ်လင်း နောက်သို့ အမှီ လိုက်သွားလေသည်။

ဆောက်လုပ်ရေးဆိုက်နား မရောင်ခင်တွင် ကိုဒေါင်းမှာ ညာဏ်လင်းအား တွေ့လိုက်ရလေသည်။ ဒါနဲ့ဘဲ ကိုဒေါင်းမှာ ညာဏ်လင်းအား လှမ်း‌အော် ခေါ်လို‌က်‌တော့သည်။

"ကိုညာဏ်လင်းရေ ခဏ စောင့်ပါအုန်း"

ကိုဒေါင်း၏ အော်ခေါ်သံကြောင့် ညာဏ်လင်းမှာ ခဏရပ်ပြီး ‌ကိုဒေါင်းဘက် လှည့်ကြည့်လာလေသည်။ ဒါကြောင့်ဘဲ ကိုဒေါင်းမှာ ရပ်နေတဲ့ ညာဏ်လင်းဆီသို့ ပြေးသွားတော့သည်။ ညာဏ်လင်းနား ရောက်တော့ ကိုဒေါင်းမှာ အမောဆို့နေချေပြီ။

"ဟော....... ဟဲ....... ဟော....... ဟဲ"

ညာဏ်လင်းမှာကား အမောဆို့နေတဲ့ ကိုဒေါင်းကို ကြောင်ကြည့်နေတော့သည်။

"ခင်ဗျားကလည်း လမ်းလျှောက်တာ မြန်လိုက်တာ........ကျုပ်မှာဖြင့် အမှီ ပြေးလိုက်လာရတာဗျ" ဟု ကိုဒေါင်းမှာ အမောတကောဖြင့် ပြောလေတော့၏။

"ဘာလို့ ကျွန်တော့်နောက် အမှီလိုက်လာရတာလဲ ကိုဒေါင်း" ဆိုကာ ညာဏ်လင်းက ပြန်မေးလိုက်လေသည်။

ကိုဒေါင်းမှာ ညာဏ်လင်းကို တစ်ချက် မော်ကြည့်လိုက်သည်။ ပြီးနောက် ကုတ်အင်္ကျီကို ဖုန်ခါလိုက်ရင်း သေသေသပ်သပ် ဖြစ်အောင် ပြန်ပြင်လိုက်သည်။ ခေါင်းတွင်ဆောင်းထားသည့် ဦးထုပ်ကိုလည်း ကြည့်လို့လှအောင် ပြန်ပြင်၀တ်နေတော့သည်။

ညာဏ်လင်းမှာတော့ ကိုဒေါင်း လုပ်သမျှကို ဘာမှမမေးဘဲ ဒီအတိုင်း ကြည့်နေလေသည်။ ညာဏ်လင်း တစ်ယောက် ကိုဒေါင်းကို ကြည့်နေရင်း ရှည်မဆိုတော့တာကြောင့် ကိုဒေါင်းအား အော်ပြောလိုက်တော့၏။

မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများWhere stories live. Discover now