#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••••••••••••
အခန်း(၂၃)
ကိုဒေါင်းနှင့် ဇာတ်မင်းသမီး မြိုင်မာလာ အမှု
••••••••••••••••••••••••••••••••••ကိုဒေါင်း တစ်ယောက် အေးအေးလူလူလေး နေချင်လို့ဆိုကာ အငြိမ့်ကြည့်နေကြတဲ့ လူအုပ်ကြီးထဲမှ ခွဲထွက်လာလိုက်လေသည်။ အငြိမ့်ဇာတ်စင်နှင့် အနည်းငယ် လှမ်းသည့် ဇာတ်စင်နောက်ဘက်သို့ ကိုဒေါင်း သွားလိုက်သည်။ အခုဆိုလျှင် အသံဆူဆူတွေကနေ တိုးတိုးလေးသာ ကြားရချေတော့သည်။ ဒါနဲ့ ကိုဒေါင်းလည်း ပတ်၀န်းကျင်ကို တစ်ချက် ဝေ့ဝဲကာ ကြည့်လိုက်လေတော့၏။ ဇာတ်စင်၏ အနောက်ခြမ်းလေးဟာ တိတ်ဆိတ်လို့နေလေသည်။ လုံးလုံးကြီးတော့ မဟုတ်ပေဘူးပေါ့။ ဇာတ်စင်က အငြိမ့်ကနေတဲ့ အသံလေးကိုတော့ သဲ့သဲ့လေး ကြားနေရတာဘဲပေါ့။ ဒါပေမယ့်လည်း အသံဆူဆူကြီး ကြားနေရတာထက်စာရင်တော့ သက်သာတယ်လို့ ပြောရမလားဘဲ။
ကိုဒေါင်းမှာ အသံမဆူသည့် နေရာသို့ ရောက်နေတာကြောင့် အကျေနပ်ကြီး ကျေနပ်နေတော့သည်။ ဒီတော့ ကိုဒေါင်းလည်း အင်္ကျီအိတ်ကပ်ထဲ ထည့်ထားတဲ့ စီးကရက်ကို ထုတ်လိုက်ပြီးတော့ မီးခြစ်ဆံ မီးညှိကာ စီးကရက်ဖွာနေလေသည်။ ပြီးတော့လည်း ကောင်းကင်ကို မော့ကြည့်ကာ စိတ်သက်သာမှုကို ခံစားနေလေ၏။ ကိုဒေါင်း တစ်ယောက် ကောင်းကင်ကို ကြည့်နေရင်းမှ စီးကရက် တစ်ဖွာရှိုက်လိုက်ကာ စီးကရက် ငွေ့လေးတွေကို မှုတ်ထုတ်လိုက်လေသည်။ စီးကရက်ငွေ့လေးတွေဟာ လေဟာနယ်ထဲ ပျံ့လွင့်လို့သွားတော့သည်။ ကိုဒေါင်းလည်း စိတ်သက်သာရာ ရပြီး အချိန်ဘယ်လောက်မှပင် မကြာလိုက်ပါ။ ခပ်စူးစူး အသံတစ်ခုကို ကိုဒေါင်း အထင်းသား ကြားလိုက်ရတော့သည်။
“အား……….” ဆိုသည့် အသံခပ်စူးစူး အသံပင် ဖြစ်သည်။
ဒါနဲ့ စီးကရက်ဖွာနေတဲ့ ကိုဒေါင်းလည်း ထိုအသံကြောင့် စိတ်သက်သာရာရနေတာကြီးက ပျောက်ပျက်လို့ သွားရလေတော့သည်။ ခပ်စူးစူး အော်သံကား ဇာတ်စင်၏ အနောက်ဘက်ခြမ်းက လာတာဖြစ်သည်။ ကိုဒေါင်းမှာ စီးကရက်ဖွာနေရင်းမှ အသံထွက်ပေါ်လာရာ နေရာဖြစ်တဲ့ ဇာတ်စင်နောက်ခြမ်းက တဲလေးကို လှည့်ကြည့်လိုက်လေသည်။
YOU ARE READING
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
Adventureဒါကတော့ bl မဟုတ်ဘူးပေါ့လေ။ စုံထောက် ၀တ္ထုလေးပါ။ bromanceတွေလည်း မြင်ရမှာပါ။ ဟာသလေးတွေလည်း ပါမှာပေါ့နော်။ စုံထောက်၀တ္ထုကြိုက်နှစ်သက်တဲ့သူများ သဘောကျမယ်လို့ ထင်ပါတယ်။ အမှုက တစ်ခုပြီးတစ်ခု ရှိလာမှာဖြစ်တဲ့အတွက် ဖတ်ရအဆင်ပြေစေမှာပါ။