#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••
သက်သေပျောက်ဆုံးနေသောအမှု
••••••••••••••••••••••••••••••စက်တင်ဘာလ၊ ၈ရက်၊ ၂၀၀၁ခုနှစ် (တနင်္လာနေ့)
မနက် ခုနှစ်နာရီခွဲကျော်ကျော် အချိန်ခန့် ကိုဒေါင်း ရုံးခန်းတွင်။ကိုဒေါင်းတို့ ရုံးခန်းရှေ့တွင် လူလတ်ပိုင်း တစ်ယောက် ရပ်နေတာကို တွေ့ရတော့သည်။ ပြီးနောက် ထိုလူလတ်ပိုင်းကနေဘဲ စပြီး ကိုဒေါင်းတို့ကို စကားပြောလာတာ ဖြစ်သည်။
"အမှုအပ်ချင်လို့ပါ ခင်ဗျ" ဆိုပြီးတော့ပေါ့။
ကိုဒေါင်းမှာ ဘာမှ မပြောဘဲ ဒီအတိုင်း ထိုလူလတ်ပိုင်းကို စူးစိုက်ကာ ကြည့်နေတော့၏။ ဆူမိုမှာတော့ ကိုဒေါင်းကိုကြည့်လိုက် ထိုလူလတ်ပိုင်းကို ကြည့်လိုက်ဖြင့် ပြာယာခတ်နေလေသည်။
ကိုဒေါင်းမှာ စူးစိုက် ကြည့်နေတာကြောင့် ထိုလူလတ်ပိုင်းမှာ နေရခက်လာလေသည်။ ဒါနဲ့ဘဲ ထိုလူလတ်ပိုင်းက ထပ်ပြီး ပြန်ပြောလာတော့သည်။
"အမ်.......ဟိုလေ ဒါက စုံထောက် ကိုဒေါင်းတို့ ရုံးခန်း ဟုတ်ပါတယ်နော်"
ထိုလူလတ်ပိုင်းက ပြောလာတော့ ဆူမိုမှာ ကိုဒေါင်းကို လက်ဖြင့်တို့ပြီး ပြန်ပြောဖို့ အချက်ပေးလေသည်။ ဒီတော့မှ ကိုဒေါင်းလည်း ပြန်ပြောဖို့ သတိရလာတော့သည်။
"အမ်.... ခဏက ဘာပြောလိုက်တာလဲ မသိဘူး ခင်ဗျ" ဟု ကိုဒေါင်းက ထိုလူလတ်ပိုင်းအား မေးလိုက်သည်။
"အော်.....ဒါက စုံထောက် ကိုဒေါင်းတို့ ရုံးခန်း ဟုတ်ရဲ့လားလို့ မေးလိုက်တာပါ"
"ဟုတ်ပါတယ် ခင်ဗျ.......ခင်ဗျား နေရာမမှားပါဘူး။ ကိုဒေါင်း ရုံးခန်း အမှန်ကို ရောက်လာတာပါ...... ဒီတော့ အထဲကို ကြွပါအုန်း"
ကိုဒေါင်း ပြောလိုက်တော့ ဆူမိုမှာ လုပ်လက်စ သန့်ရှင်းရေးကို ခပ်သွက်သွက်လုပ်ပြီး တံခါးပိတ်ဖို့ရန် အတွက် တံခါးနား သွားလေသည်။ ထိုလူလတ်ပိုင်းအရွယ် တစ်ယောက်မှာလည်း အထဲ၀င်ပြီး ကိုဒေါင်းရှေ့က ထိုင်ခုံမှာ ထိုင်လိုက်လေသည်။ ဒီတော့ ဆူမိုလည်း အပြင်ထွက် တံခါးပိတ်ပြီး အောက်ထပ်မှာ သွားစောင့်နေတော့၏။
YOU ARE READING
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
Adventureဒါကတော့ bl မဟုတ်ဘူးပေါ့လေ။ စုံထောက် ၀တ္ထုလေးပါ။ bromanceတွေလည်း မြင်ရမှာပါ။ ဟာသလေးတွေလည်း ပါမှာပေါ့နော်။ စုံထောက်၀တ္ထုကြိုက်နှစ်သက်တဲ့သူများ သဘောကျမယ်လို့ ထင်ပါတယ်။ အမှုက တစ်ခုပြီးတစ်ခု ရှိလာမှာဖြစ်တဲ့အတွက် ဖတ်ရအဆင်ပြေစေမှာပါ။