#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••••••••••••ကိုဒေါင်းမှာ မိမိတိုက်ခန်းက စားပွဲခုံလေးမှာ ထိုင်ပြီးတော့ တစ်ခုခုကို စဉ်းစားနေတော့၏။ ဒီနေ့ဟာ နေ့ကောင်းနေ့မြတ်လို့ ယူရမည်။ ဘာကြောင့်ဆို ဒီနေ့လေးဂာ ဥပုပ်နေ့လေးဘဲပေါ့။ ပြီးတော့ ကိုဒေါင်းတို့ ဦးဘရင် အမှုလိုက်ပြီးတာ တစ်ပတ်တောင် ပြည့်သွားပြီလေ။ ဦးဘရင် အမှုကိုလည်း ကောင်ကောင်းလေး ဖြေရှင်းလိုက်နိုင်သည်။ ဖြေရှင်းခဲ့လိုက်ပြီ ဆိုပေမယ့်လို့ ကိုဒေါင်း တစ်ယောက်မှာတော့ မတင်မကျ ခံစားနေရသည်မှာ ခုတစ်ပတ်ပြည့်နေ့ထိ ဖြစ်ချေသည်။ ကိုဒေါင်း မကျေနပ်စွာဖြင့် ကျစ်တစ်ချက် စုပ်သတ်လိုက်သည်။
“ကျစ်……………..” ဆိုပြီးတော့ပေါ့။
“ဘာများ ဖြစ်လို့လဲ ကိုဒေါင်းရယ်…..” ဟု ရွှေမိက မေးလိုက်သည်။
ကိုဒေါင်းမှာ ရွှေမိအသံကို ကြားတော့ အသိစိတ်ကလေး ပြန်၀င်လို့ လာလေသည်။
“ဟင်……. ရွှေမိ ဘယ်တုန်းက ရောက်နေတာလဲ” ဆိုကာ ကိုဒေါင်းမှ မေးလိုက်လေသည်။
“ခဏမှ ရောက်တာပါ….. တော်ရဲ့ရုပ်ကြီးက ရှုံ့တွနေလို့ တမင် အသိမပေးဘဲ နေနေလိုက်တာ”
“ဒါနဲ့ ဆူမိုကရော………..” ဆိုကာ ကိုဒေါင်းမှာ ဆူမိုကို ရှာမတွေ့၍ ရွှေမိအား မေးလိုက်တော့သည်။
“ခဏက အလာတော့ သူလှေကားက ဆင်းလာတာ တွေ့လိုက်တာဘဲ….. ကြည့်ရတာ…… မိလုံး ကွမ်းယာဆိုင်မှာလို့ ထင်တာဘဲ”
“အား……. ဒီကောင်တော့နော်…….” ဟု ကိုဒေါင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒါနဲ့ တော်က ဘာလို့ မျက်နှာကြီး ရှစ်ခေါက်ချိုး ပုံစံနဲ့ နေနေရတာတုန်း……. ပြောရမယ် ဆိုရင် ဦးဘရင်တို့ အိမ်ကနေ ပြန်လာကတည်းကဘဲ တော့်ရုပ်ကြီးက အဲ့လိုဖြစ်နေတာ……..” ဆိုပြီး ရွှေမိကနေမှ ပြောလိုက်သည်။
“ဦးဘရင် အမှုကြောင့်ပေါ့……….” ဟု ကိုဒေါင်း မကျေနပ်တဲ့ အသံဖြင့် ပြောလိုက်သည်။
YOU ARE READING
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
Adventureဒါကတော့ bl မဟုတ်ဘူးပေါ့လေ။ စုံထောက် ၀တ္ထုလေးပါ။ bromanceတွေလည်း မြင်ရမှာပါ။ ဟာသလေးတွေလည်း ပါမှာပေါ့နော်။ စုံထောက်၀တ္ထုကြိုက်နှစ်သက်တဲ့သူများ သဘောကျမယ်လို့ ထင်ပါတယ်။ အမှုက တစ်ခုပြီးတစ်ခု ရှိလာမှာဖြစ်တဲ့အတွက် ဖတ်ရအဆင်ပြေစေမှာပါ။