#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
•••••••••••••••••••••••••••••••••"သမီးရေ စားပွဲခင်း ပြင်ထားလိုက်တော့လေ" ဆိုကာ ရွှေမိ၏ မိခင်ဖြစ်သူ ဒေါ်ရွှေရည်မိုးက မီးဖိုခန်းကနေ အိမ်ရှေ့က သမီးဖြစ်သူကို လှမ်းအော်ပြောတော့သည်။
"ဟုတ်ကဲ့ အမေ" ဆိုပြီး အိမ်ရှေ့မှာ ရှိနေတဲ့ ရွှေမိရဲ့ ပြန်ထူးသံက ထွက်ပေါ်လာတော့၏။
"စားပွဲခင်းပြီးပြီ ဆိုရင်..... နောက်ကိုလာပြီး အမေ့ကို လာကူလှည့်ပါအုန်း" ဆိုပြီး ဒေါ်ရွှေရည်မိုး တစ်ယောက် ရွှေမိကို လှမ်းခေါ်လိုက်လေသည်။
"ဟုတ်ကဲ့ပါ..... အမိန့်တော် အတိုင်းပါရှင်" လို့ ပြောရင်း ရွှေမိ တစ်ယောက် မီးဖိုဖက်ကို အပြေးအလွှား သွားလိုက်လေသည်။
ရွှေမိမှာ မီးဖိုဖက်ကို ရောက်တော့ ဟင်းချက်နေတဲ့
ဒေါ်ရွှေရည်မိုးကို ဘာဟင်းများ ချက်နေသလဲ ဆိုပြီး တစ်ချက် ချောင်းကြည့်လိုက်သည်။ ပြီးမှ ဘာကူလုပ်ရမလဲ ဆိုတာ မေးလေတော့သည်။"ပြော.... အမေ သမီး ဘာများ ကူလုပ်ပေးရအုန်းမလဲ"
"အေ...... အမေက အခု ဆီပြန်ဟင်း ချက်နေတာလေ..... အဲ့တာ ဟိုစားပွဲလေးမှာ ဟင်းရည်ချက်ဖို့ ဟင်းရွက်ရွေးနေတာ တန်းလန်းကြီး ဖြစ်နေတယ်.... အဲ့တာကို သမီးကဘဲ ပြီးအောင်ရွေးလိုက်ပါအုန်း"
"ဟုတ်ပါပြီရှင်.... ရွေးလိုက်ပါ့မယ်" လို့ ပြောရင်း ရွှေမိမှာ ဟင်းရွက်ပုံထားတဲ့ စားပွဲနားသို့ သွားလိုက်တော့သည်။
"ဟဲ့..... ရွှေမိ..... ညည်းကလည်း မလုပ်ချင်တာလား.... ပြောနေတဲ့ လေသံက ငါ့ရွဲ့နေသလိုဘဲ"
"အမလေး...... မဟုတ်ပါဘူးရှင်..... ဒီအမေနဲ့ ဒီသမီး နှစ်ယောက်ထဲ ရှိတာ ရွဲ့ပါ့မလားလို့"
"အေးပါ..... ဟင်းရွက်ကို မြန်မြန်ရွေးပါ"
ရွှေမိမှာ ဒေါ်ရွှေရည်မိုးကို မခို့တရို့လေးဖြင့် ကြည့်လိုက်သည်။ နောက်တော့ ဟင်းရွက်ရွေးနေလေသည်။ ရွှေမိ တစ်ယောက် ဟင်းရွက်ရွေးနေရင်း အမေဖြစ်သူကို တစ်ချက် ပြန်ကြည့်လိုက်သည်။
YOU ARE READING
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
Adventureဒါကတော့ bl မဟုတ်ဘူးပေါ့လေ။ စုံထောက် ၀တ္ထုလေးပါ။ bromanceတွေလည်း မြင်ရမှာပါ။ ဟာသလေးတွေလည်း ပါမှာပေါ့နော်။ စုံထောက်၀တ္ထုကြိုက်နှစ်သက်တဲ့သူများ သဘောကျမယ်လို့ ထင်ပါတယ်။ အမှုက တစ်ခုပြီးတစ်ခု ရှိလာမှာဖြစ်တဲ့အတွက် ဖတ်ရအဆင်ပြေစေမှာပါ။