#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသောအမှုများ
••••••••••••••••••••••••••••••••
ထူးဆန်းသော မိန်းကလေး
••••••••••••••••••••ဆူမို တစ်ယောက် ကိုဒေါင်း၏ ခိုင်းစေမှုဖြင့် ထိုအိမ်ကြီးထဲကနေ ထွက်လာရလေသည်။ ခိုင်းလိုက်တာမလို့ ထွက်လာရပေမယ့် ဆူမိုမှာ မျက်နှာကြီး ဆူပုပ်လျက် ရှိလေသည်။ အကြောင်းကား ထိုအိမ်ကြီးထဲက သူမမြင်ဖူးသည့် ပစ္စည်းများကို ထပ်မကြည့်ရတော့လို့ဘဲလေ။
ဒီလိုနဲ့ မျက်နှာ ဆူပုပ်လျက်ရှိသော ဆူမိုတစ်ယောက် ခြံ၀င်းတံခါးနားသို့ ရောက်လာချေပြီ။ ပြီးနောက် ခြံ၀င်းလေးကို အသာလေး ဖွင့်ပြီး အပြင်ကို လှမ်းထွက်လိုက်သည်။ အပြင်ရောက်တာနဲ့ ခြံ၀င်းတံခါးကို သာသာလေး ပြန်ပိတ်လိုက်သေးတာ။ ခြံတံခါးပိတ်ပြီး ဆူမို တစ်ယောက် စုံထောက်တွေလိုမျိုး ကုတ်ချောင်းကုတ်ချောင်းဖြင့် ဘေးဘီကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ဘေးဘီကို ကြည့်ပြီးသွားတော့မှ ဆူမိုမှာ ကိုယ်ကိုမတ်ကာ ပုဆိုးကို သေသေချာချာလေး ပြင်၀တ်လိုက်လေသည်။ ပြီးတာနဲ့ ဆံပင်လေးကို သပ်လိုက်ပြီး မျက်နှာချင်းဆိုင်မှာ ဖွင့်ထားတဲ့ ကုန်စုံဆိုင် အငယ်လေးဆီသို့ ဦးတည်လေတော့သည်။
ဆူမိုမှာ ဆိုင်ရှေ့မှာ ရစ်သီရစ်သီဖြင့် လုပ်နေလေသည်။ ဆိုင်က ရှေ့မျက်နှာချင်းဘဲဆိုတော့ ခြေလှမ်းလေး လေး၊ငါးလှမ်းလောက် လျှောက်လိုက်ရုံဘဲပေါ့။ ဆူမိုမှာ ဈေး၀ယ်သူ ယောင်ယောင်ဖြင့် ဆိုင်မှာခင်းထားတဲ့ မုန့်ထုပ်တွေကို ကောက်ကိုင်ကြည့်နေသေးသည်။ ပြီးကာမှ အချိန်မရှိဘူးဆိုကာ ဆိုင်ရှင်ကို ခေါ်ဖို့ သတိရတော့၏။
“အိမ်ရှင်တို့.........” လို့ အော်ခေါ်ပြီး ဆူမိုမှာ မှားခေါ်မိမှန်း သိသောကြောင့် နောက်တစ်ခါ ပြန်ပြင်ခေါ်တော့သည်။
“ဆိုင်ရှင်.......ဆိုင်ရှင်တို့.......”
ဆူမိုက ဆိုင်ရှေ့ပေါက်၀ကနေ ခေါ်နေပေမယ့်လည်း ဆိုင်ထဲကနေ ဘယ်သူမှ ထွက်မလာသေးပါ။ ဒါကြောင့် ဆူမိုမှာ အသံခပ်ကျယ်ကျယ်ဖြင့် ထပ်ခေါ်ရပြန်သည်။
“ဆိုင်ရှင်တို့ ဈေး၀ယ်”
ဆူမို ထပ်ခေါ်ပြန်သော်လည်း ဆိုင်ထဲကနေ တစ်ယောက်မှ ထွက်မလာသေးပါ။ ခဏလောက်ကြာတော့မှ ဆိုင်ထဲကနေ မိန်းမငယ်လေး တစ်ဦးက ခပ်သွက်သွက်ဖြင့် ထွက်လာတော့သည်။ ဆိုင်ထဲက ထွက်လာတာနဲ့ အတူ ချိုသာတဲ့ အသံလေးပါ ပျံ့လွင့်လာလေ၏။
YOU ARE READING
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
Adventureဒါကတော့ bl မဟုတ်ဘူးပေါ့လေ။ စုံထောက် ၀တ္ထုလေးပါ။ bromanceတွေလည်း မြင်ရမှာပါ။ ဟာသလေးတွေလည်း ပါမှာပေါ့နော်။ စုံထောက်၀တ္ထုကြိုက်နှစ်သက်တဲ့သူများ သဘောကျမယ်လို့ ထင်ပါတယ်။ အမှုက တစ်ခုပြီးတစ်ခု ရှိလာမှာဖြစ်တဲ့အတွက် ဖတ်ရအဆင်ပြေစေမှာပါ။