#Unicode#
ဦးသောင်းဌေး
•••••••••••၁၉၉၉အကုန် ၂၀၀၀ခုနှစ် အစတွင် ရန်ကုန်မြို့ရှိ သာကေတမြို့နယ်သို့ ရောက်ရှိလာခဲ့သည်။ ရောက်ခါစအချိန်တွင် လက်ထဲရှိသော ငွေအချို့နှင့် "သောင်းဌေး" ဆောက်လုပ်ရေး လုပ်ငန်းကို စတည်ထောင်လေသည်။ စစချင်းတွင်တော့ လုပ်ငန်းမဖြစ်ထွန်း၍ ပိတ်သိမ်းရမလိုတောင် ဖြစ်ခဲ့လေသည်။
နောက်ပိုင်းမှ ဆောက်လုပ်ရေး လုပ်ငန်းက အနည်းငယ် လည်ပတ်လာလေသည်။ ဒါကြောင့် မပိတ်သိမ်းဘဲ ဆက်လက်ဖွင့်ထားတော့သည်။ ဆောက်လုပ်ရေး လုပ်ငန်းကို လူအများက လာဌားကြလေသည်။ ဦးသောင်းဌေးကလည်း ထိုအချိန်က ဆောက်လုပ်ရမည့် ပစ္စည်းတွေကို အကောင်းသာ သုံးသောကြောင့် လူအများက နှစ်သက်ကြသည်။ ဒါကြောင့်ဘဲ "သောင်းဌေး" ဆောက်လုပ်ရေးက လူအများကြားထဲတွင် ပြောစရာ နာမည် တစ်ခုဖြစ်လာတော့သည်။ ဒီလိုနဲ့ ဦးသောင်းဌေးမှာ သာကေတ၏ သူဌေးစာရင်း၀င် ဖြစ်လာလေသည်။
၂၀၀၀ခုနှစ် မေလ၊ ၆ရက်နေ့တွင် ဦးသောင်းဌေးမှာ
ခင်စန္ဒာနွယ်ခေါ် အမျိုးသမီးနှင့် လက်ထက်ထိမ်းမြှားခဲ့လေသည်။**********
ဦးသော်တာဆွေ
•••••••••••••၁၉၉၉နှစ်အကုန် ၂၀၀၀ခုနှစ် အလယ်လောက်တွင်
ဦးသော်တာဆွေ တစ်ယောက် ရန်ကုန်မြို့၏ သာကေတ မြို့နယ်သို့ ရောက်ရှိလာခဲ့တော့သည်။ ရောက်ရှိခါစချိန်တွင် လက်ထဲတွင် ငွေအရင်းအနှီး အနည်းငယ်သာ ပါလာခဲ့လေသည်။ ဒါကြောင့်ဘဲ သာကေတမြို့နယ်၏ ချောင်ချသော နေရာတွင် အခန်းတစ်ခု ငှား၍ "သော်တာဆွေ" အိမ်ခြံမြေပွဲစား ဟူ၍ စတည်ထောင်တော့သည်။ အစပိုင်းတွင်
ဦးသော်တာဆွေမှာ အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရလေသည်။ တစ်ယောက်ထဲ နေရာစုံ လျှောက်သွား၍ မြေကွက်များကို စုံစမ်းရလေသည်။ တစ်ခါတစ်ခါတွင်တော့ မြေကွက်ပိုင်ရှင်များ၏ လိမ်လည်မှုကိုလည်း ခံခဲ့ရလေသည်။ ပိုင်ရှင်က ရောင်းမည်ဟု ဆိုပြီး ဦးသော်ဆွေမှ ၀ယ်သူခေါ်ခဲ့ချိန်မှ မရောင်းတော့ဘူး ဆိုသည့် အတွေ့အကြုံများလည်း ခံခဲ့ရလေသည်။ ဒါကြောင့်ဘဲ ဦးသော်တာဆွေမှာ လုပ်ငန်းကို ပိတ်သိမ်း၍သာ ဒီအတိုင်း နေနေတော့သည်။
YOU ARE READING
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
Adventureဒါကတော့ bl မဟုတ်ဘူးပေါ့လေ။ စုံထောက် ၀တ္ထုလေးပါ။ bromanceတွေလည်း မြင်ရမှာပါ။ ဟာသလေးတွေလည်း ပါမှာပေါ့နော်။ စုံထောက်၀တ္ထုကြိုက်နှစ်သက်တဲ့သူများ သဘောကျမယ်လို့ ထင်ပါတယ်။ အမှုက တစ်ခုပြီးတစ်ခု ရှိလာမှာဖြစ်တဲ့အတွက် ဖတ်ရအဆင်ပြေစေမှာပါ။