အခန်း(၉)-သက်သေပျောက်ဆုံးနေသောအမှု

51 19 3
                                    

#Unicode#
မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••••••••••••
သက်သေပျောက်ဆုံးနေသောအမှု
••••••••••••••••••••••••••

စက်တင်ဘာလ၊ ၈ရက်၊ ၂၀၀၁ခုနှစ် (တနင်္လာနေ့)
လွန်ခဲ့သော မနက် ခုနှစ်နာရီခွဲ အချိန်ခန့်တွင်။

“ကလင်...... ကလင်........ကလင်”

ဦးသော်တာဆွေ၏ နေအိမ် အပေါ်ထပ်မှ ဖုန်းသံဟာ အဆက်မပြတ် မြည်နေတော့သည်။ သို့ပေမယ့်လည်း ဘယ်တစ်ဦးတစ်ယောက်မှ ဖုန်းလာကိုင်ခြင်း မရှိသေးပါ။ ဘယ်သူမှ ဖုန်းမကိုင်တာကြောင့် ဖုန်းကျသွားလေသည်။ ဖုန်းကျသွားပြီး မကြာလိုက် ဖုန်းသံမှာ တစ်ဖန် ပြန်မြည်လာတော့သည်။

“ကလင်...... ကလင်........ကလင်”

ထိုအချိန်မှာဘဲ ဦးသော်တာဆွေ၏ အိမ်အကူ ဒေါ်ထား တစ်ယောက် အောက်ထပ်ကနေ အပေါ်ထပ်သို့ တက်လာကာ ဖုန်းလာကိုင်လေတော့သည်။

“ဟယ်လို အမိန့်ရှိပါ”

“ဒေါ်ထား ကျွန်တော် လှိုင်းသင့် ပြောနေတာပါ” ဟု တစ်ဖက်က ပြန်ပြောလာလေသည်။

“အော်.........မောင်ရင် လှိုင်းသင့်လား”

“ဟုတ်ပါတယ်......... သူဌေး နိုးနေပြီလား ဒေါ်ထား”

“သူဌေးလေးက မထသေးဘူးကွယ်.......... ပြောစရာရှိရင် ဒေါ်ထားကို ပြောထားလိုက်လေ...... သူဌေးလေး နိုးလာရင် ဒေါ်ထား ပြန်ပြောလိုက်မယ်လေ”

“အခုက အရေးကြီးတဲ့ ကိစ္စမလို့ပါ ဒေါ်ထား”

“ဒါဆို ဒေါ်ထား သူဌေးလေးကို သွားခေါ်ပေးမယ်လေ သားလှိုင်းသင့် ခဏ ကိုင်ထားနော်” ဆိုကာ ဒေါ်ထား တစ်ယောက် ဖုန်းကို အနီးအနားက စားပွဲပေါ် တင်လိုက်လေသည်။

ပြီးနောက် ဦးသော်တာဆွေကို သွားခေါ်ဖို့ ပြင်နေတုန်းမှာ ဦးသော်တာဆွေမှာ ဒေါ်ထားနောက်သို့ ရောက်နှင့်နေလေပြီ။

“ဘယ်သူဆက်တာလဲ ဒေါ်ထား” ဆိုကာ ဦးသော်တာဆွေ ပြောလိုက်တော့သည်။

“အမလေး ဗုဒ္ဓမြတ်စွာဘုရား ကယ်တော်မှုပါ” ဆိုပြီး ဒေါ်ထားမှာ မျက်လုံးများ မှိတ်ကာ လန့်သွားလေသည်။

မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများWhere stories live. Discover now