အခန်း(၁၅)-ခမ်းနားသော အိမ်ကြီးမှမိသားစုများ

43 14 0
                                    

#Unicode#

မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများ
••••••••••••••••••••••••••••••••••••••••••••

ကိုဒေါင်းမှာ နန်းအေးရင်ကို အားနာပြုံးလေးသာ ပြုံးပြလိုက်လေသည်။ နန်းအေးရင်မှာလည်း ကိုဒေါင်းအား ပြုံးပြီး ပြန်ကြည့်နေတော့၏။ ပြီးတော့မှ နန်းအေးရင်ကနေစပြီးတော့

"အိုး....... အားနာစရာကြီး ကိုဒေါင်းတို့ အုပ်စုကို ရပ်ခိုင်းနေမိတော့တယ်..... မိတ်ဆက်နေတာနဲ့ ထိုင်ခိုင်းဖို့တောင် မေ့သွားရပြီလေ" ဟု ရှမ်းသံ ဝဲဝဲလေးဖြင့် ကိုဒေါင်းကို အားနာတဲ့ အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်တော့သည်။

"ရပါတယ် ခင်ဗျ...... အားနာစရာ မလိုပါဘူး..... ကျွန်တော်တို့လည်း အခုမှ ရောက်တာပါဘဲ"

"ဘယ်ကသာ....... အိမ်ကို လာတဲ့ ဧည့်သည်‌တွေကို ဧည့်၀တ်ကျေပွန်ရမှာ အိမ်ရှင်ရဲ့ တာ၀န်ဘဲလေ။ ဧည့်သည်ကို ဧည့်၀တ်ကျေပွန်အောင် မလုပ်ပေးတာကတော့ အိမ်ရှင်တွေ တာ၀န်မဲ့ရာရောက်တာပေါ့..... ကိုဒေါင်းရှင့်" ဟု နန်းအေးရင်မှာ စောင်းမြောင်းပြီး ပြောလိုက်လေတော့၏။

နန်းအေးရင်ရဲ့ စကားကြောင့် ဧည့်ခန်းမှာ ထိုင်နေကြတဲ့ လူအုပ်စုကြီးမှာ မျက်နှာများ အသီးသီး ပျက်သွားတာကို ကိုဒေါင်း ရိပ်မိလိုက်လေသည်။

"အော်...... ဒါနဲ့ ကိုကောင်းထက်လင်းနဲ့ ပါလာတဲ့ တစ်ယောက်က ကိုကောင်းထက်လို ရှေ့နေဘဲလား" ဟု နန်းအေးရင်မှ ကောင်းထက်လင်းကို လှမ်းမေးလိုက်လေသည်။

"ကျွန်တော်က အစိုးရ မူခင်း စုံထောက် ဌာနမှာ တာ၀န်ကျနေတဲ့ စုံထောက် ညာဏ်လင်းပါ" ဆိုပြီး ညာဏ်လင်းက ကောင်းထက်လင်းအစား နန်းအေးရင်ကို အဖြေပြန်ပေးလိုက်တော့သည်။

"အိုး....... ဒီအိမ်ကို စုံထောက် နှစ်ယောက် ရောက်နေတာပေါ့လေ...... ကောင်းပါပြီ........ ကျွန်မ ကျွန်မအဖေ ဦးဘရင်ကို ရှင်တို့ ရောက်နေတဲ့ အကြောင်း သွားပြောလိုက်အုန်းမယ်...... ကျွန်မ ပြန်လာမခေါ်မချင်း ဧည့်ခန်းထဲမှာ ခဏ စောင့်နေပေးပါနော်" လို့ ပြောပြီးတော့ နန်းအေးရင်မှာ ထွက်သွားတော့သည်။

မစ္စတာဒေါင်းနှင့် ရှုပ်ထွေးသော အမှုများDonde viven las historias. Descúbrelo ahora