Part (2) - Yesterday

499 23 1
                                    

သူငယ်ချင်း မှသည်.. (Part 2)

===

[Unicode]

လွန်ခဲ့သော တစ်ရက်က

"ငါနင့်ကို ငါ့သူငယ်ချင်း အချောလေးနဲ့ မိတ်ဆက်ပေးချင်လို့ ကျောင်းဆင်းချိန် ဒိုင်ယာရီမှာ တွေ့ကြရအောင်။ ဒါနဲ့ ငါ့သူငယ်ချင်းက ငါတို့နှစ်က Queen နော်။ ဟင်းဟင်း..." ဆိုတဲ့ မက်ဆေ့ချ် လှယဉ်ထွေးနီဆီက ရောက်လာတော့ အောင်မင်းမြတ်တစ်ချက် ပြုံးလိုက်မိတယ်။

ညနေဖက် ဒိုင်ယာရီဆိုတဲ့ စားသောက်ဆိုင်လေးဆီ ရောက်တော့ လှယဉ်ထွေးနီနဲ့ သူမ သူငယ်ချင်းတို့က ရောက်နှင့်နေပြီ။ အောင်မင်းမြတ်တစ်ယောက် လက်ထဲမှာ ကိုင်လာတဲ့ ဂျူတီကုတ်ကို ဘေးက ထိုင်ခုံပေါ်တင်ပြီး သူတို့ ဝိုင်းမှာ ဝင်ထိုက်လိုက်တယ်။

"အောင်အောင် ဒါက ငါပြောပြောနေတဲ့ ငါ့သူငယ်ချင်း မေသစ်ခိုင်ဆိုတာ။ မေသစ် ဒါက ငါ့ရဲ့ ငယ်သူငယ်ချင်း အောင်မင်းမြတ်တဲ့။ နိုင်မင်းလတ်ရဲ့ အစ်ကို ဝမ်းကွဲဆိုတာလေ။" ရောက်တာနဲ့ လှယဉ်ထွေးနီက သူတို့ နှစ်ယောက်ကို မိတ်ဆက်ပေးလိုက်တယ်။

မိတ်ဆက်ပေးပြီးနောက် သူတို့ နှစ်ယောက်မှာ တူတဲ့ အချက်လေးတွေကို ပြောပြပေးရင်း စကားဆက်ပြော ခိုင်းထားခဲ့ပြီး သူမရဲ့ အောင်သွယ်ပေးနေကျ အကွက်အတိုင်း အပြင်မှာ ဖုန်းထွက်ပြောချင်ယောင်ဆောင်လိုက်တယ်။ ငါးမိနစ်နေမှ ပြန်ဝင်လာပြီး −

"မေသစ်ရေ ဆောရီးနော်! ခုနက ငါ့အိမ်က ဆက်တာ အရေးကြီးလို့ ငါ ပြန်လိုက်ဦးမယ်။" သူမကပြောတော့ အောင်မင်းမြတ်က သူမကို (နင့်အကြံ ဒါအကုန်ပဲလား) ဆိုတဲ့ အကြည့်နဲ့ ပြုံးပြုံးကြီး မော့ကြည့်နေတယ်။ သူမက ဆက်ပြီး သူ့ဘက်လှည့်ခါ "အောင်အောင် နင် အပြန်မှာ မေသစ်ကို အိမ်ဝင်ပို့ပေးလိုက်နော်။ ငါ အရေးကြီးလို့ ပြန်နှင့်ပြီ သိလား။" ဆိုခါ သူပြန်အပြောကို မစောင့်ပဲ ရေးကြီးသုတ်ပြာပုံနဲ့ သူတို့ နှစ်ယောက်တည်း ထားခဲ့ပြီး ထွက်သွားလိုက်တော့တယ်။

သူမလည်း ထွက်သွားရော အောင်မင်းမြတ်က သူ့ဆီ မက်ဆေ့ချ်ဝင်လာတဲ့ ပုံနဲ့ ဖုန်းကို ဖွင့်လိုက်ပြီး−

သူငယ်ချင်း မှသည်.. (TBC)حيث تعيش القصص. اكتشف الآن