သူငယ်ချင်း မှသည်.. (Part 16)
===
[Unicode]
"အင်း ပြောလေ??" ကောင်းခန့် ဆက်မပြောပဲ ရပ်လိုက်တော့ လှယဉ်ထွေးနီက သူ့ကို ကြည့်ပြီး မေးလိုက်တယ်။
"ပြောတာတော့ စောနေမလား မသိဘူး။ စိတ်တော့ မဆိုးနဲ့နော် ထွေး။" သူက စကားခံလာတော့ သူမ ကြောင်သွားတယ်။ သူဆက်ပြောတယ်။ "ကိုယ် စိတ်ပူလို့။"
"ဟင် ဘာကို စိတ်ပူတာလဲ?"
"ထွေးကို..."
"ဘယ်လို? ဘယ်လို?" သူမ မျက်လုံးပြူးသွားတယ်။
"ကိုယ်ပြောချင်တာကကွာ ထွေးကို သူတို့ နှစ်ယောက်နဲ့ စိတ်ပူတယ်လို့..."
သူ့စကားအဆုံးမှာ လှယဉ်ထွေးနီ ထရယ်တော့တယ်။
"ဘာရယ်နေတာလဲ ထွေးက?"
"ထွေးကို အဲ့ နှစ်ယောက်နဲ့ စိတ်ပူတယ် ဆိုလို့ပါ။ ကိုကောင်း သဝန်တိုနေတာ ချစ်ဖို့ကောင်းလို့။ ရယ်ရလို့။ ဆောရီး ဆောရီး ကိုကောင်း။ စိတ်လည်း မပူနဲ့။ သဝန်လည်း မတိုနဲ့နော်။"
"အော် သဝန်မတိုပဲ နေမလား? ထွေးရဲ့ သူငယ်ချင်း အရင်းခေါက်ခေါက် နှစ်ယောက်လုံးက SKB (စော်ကြည်ဘဲ) တွေချည်းပဲကိုး။"
"အင်းနော်။ ဟုတ်တော့လည်း ဟုတ်သား။ ဟီးဟီး။"
သူမ အိမ်ရှေ့ရောက်တော့ သူ ကားရပ်လိုက်တယ်။ သူမက သူ့ကို ကောင်းကောင်းပြန်ဖို့ နှုတ်ဆက်ပြီးသွားတော့ ကောင်းခန့်က သူမနားကို ဖြည်းဖြည်းချင်း တိုးလာပြီး သူမကို နမ်းဖို့ လုပ်တယ်။ ဒါပေမယ့် အခုထိ သူမရဲ့ နှုတ်ခမ်းကို နမ်းခွင့် မပေးသေးတဲ့ လှယဉ်ထွေးနီက အရင်လို ထပ်ခါရှောင်လိုက်ပြန်ပြီး ကောင်းခန့်ရဲ့ ပါးကိုပဲ သူမ လှမ်းနမ်းလိုက်တယ်။ နောက်တော့ ကားပေါ်က ချက်ချင်း ဆင်းသွားလိုက်တယ်။
('ကိုကောင်း စိတ်ပူမယ်ဆိုလည်း စိတ်ပူစရာပါပဲ။ သဝန်တိုမယ် ဆိုလည်း တိုစရာပေါ့။') လို့ အိမ်ပေါ်ရောက်တော့ သူမတွေးမိတယ်။ ဘာလို့ဆို သူမ နှလုံးသားက သူမ သူငယ်ချင်း နိုင်မင်းလတ်ဆီမှာ ရှိနေသေးလို့ပဲ။
===
နိုင်မင်းလတ် တစ်ယောက် အိမ်မှာ နေနေရင်းလည်း စိတ်မကြည် ဖြစ်နေတတ်တာကို အောင်မင်းမြတ် သတိထားမိလာတယ်။ အိမ်နေရင်းလည်း မထင်ရင် မထင်သလို ဘူနေတော့ အောင်မင်းမြတ်အတွက်လည်း သိပ်တော့ အဆင်မပြေလှဘူး။ ဒါနဲ့ပဲ အောင်မင်းမြတ် တစ်ယောက် အကြံတစ်ခု ရလာခဲ့တယ်။ အဲ့ဒါကတော့ လှယဉ်ထွေးနီတို့ အတွဲကို ပြတ်အောင် လုပ်ရမယ်ဆိုတာပေါ့။

YOU ARE READING
သူငယ်ချင်း မှသည်.. (TBC)
Romance(ဝတ္ထု − ယမင်းဥမ္မာ) ကိုယ်ပိုင်ကာရိုက်တာများနဲ့ တည်ဆောက်ထားတဲ့ ပေါ့ပေါ့ပါးပါး အချစ် ဝတ္ထုလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တကယ်ကို အချစ်သီးသန့် ရိုးရိုးရှင်းရှင်း ဝတ္ထုလေး တစ်ပုဒ်ပါ။ ငယ်ငယ်ကတည်းက ခင်လာကြတဲ့ သူငယ်ချင်းလေးယောက်ကြားမှာ သူငယ်ချင်းမှသည် သူငယ်ချင်...