သူငယ်ချင်း မှသည်.. (Part 10)
===
[Unicode]
နောက်တစ်နေ့ သင်တန်းသွားဖို့ လှယဉ်ထွေးနီ အိမ်ကထွက်လာတော့ သူမနေတဲ့ လမ်းထိပ်မှာ ရပ်နေတဲ့ နိုင်မင်းလတ်ကို လှမ်းတွေ့လိုက်ရတယ်။ သူမလမ်းထဲက ထွက်လာတော့ ကောင်မလေးတချို့ နိုင်မင်းလတ်ကို ကွက်ကြည့်ကွက်ကြည့် ပြုံးစိပြုံးစိလုပ်သွားကြတာလည်း သူမ မြင်နေရတယ်။
(အင်းလေ။ ငါသာ သူ့သူငယ်ချင်း မဟုတ်ရင် ဒီလောက်ချောတဲ့ ကောင်လေးကို လှမ်းရှိုးမိမှာပဲ။) ဆို တွေးရင်း ခဏလောက်ရပ်ပြီး အဝေးကနေ မငေးစဖူး သူမ သူငယ်ချင်းကို သူမငေးကြည့်နေမိတယ်။ (သူပြောဖူးတာလည်း မှန်တာပဲ။ အဝေးကနေ ငေးကြည့်နေရရင် ပိုလှနေတတ်တယ်ဆိုတာ။) သူမတွေးနေတုန်း နိုင်မင်းလတ်က သူမကို တွေ့သွားပြီး လက်ယမ်းပြတာနဲ့ သူမ ရှေ့ဆက် သွားလိုက်တယ်။
"ထူးထူးခြားခြား ဒီမှာ ဘာလာလုပ်တာလဲ?" သူမ အရင်စမေးလိုက်တယ်။
"နင်နဲ့ အတူတူ သွားမလို့လေ။" သူက ပြောလာတော့ သူမက အံ့သြပုံပြတာနဲ့ သူထပ်ပြီး ဖြည့်ပြောလိုက်တယ်။ "ဖြူလဲ့တွေ့အောင်..."
"ဒါနဲ့များဟယ်။ သင်တန်းနားက ဘတ်စ်ကားဂိတ်မှာ စောင့်လည်း ရတာပဲကို..." သူမ အရှေ့ကို လျှောက်သွားပြီး သက်ပျင်းတစ်ချက် ခိုးချလိုက်ရင်း ပြန်ပြောလိုက်တယ်။
"အော် အေး ဟုတ်သားပဲ။" သူက မသိချင်ယောင်ဆောင်ပြီး ရယ်ကျဲကျဲနဲ့ သူမနောက်က လိုက်လာရင်း ပြန်ပြောတယ်။ အမှန်က သူ တမင်လာခဲ့တာ။ သူ့အစ်ကိုက လှယဉ်ထွေးနီ တစ်ယောက် မျက်နှာသိပ်မကောင်းဘူး ပြောထားလို့ သူ ရောက်လာတာ။
"မနက်စာ စားပြီးပြီလား?" သူမေးတယ်။
"ဟင့်အင်း အိမ်မှာ ရှိတာ မကြိုက်လို့ မစားလာဘူး။" သူမ ဗိုက်ဆာဆာနဲ့ ပြန်ဖြေတယ်။
"နင့်လွယ်အိတ်ပေး။" သူ လက်ကမ်းပြီး တောင်းလိုက်တယ်။
"ဘာလုပ်မလို့လဲ?"
"ပေးစမ်းပါ။" သူ ပြောတော့ သူမ ပေးလိုက်တယ်။ "ရော့ ဒီမှာ နင့်ဖို့" သူမလက်ထဲကို သူဝယ်လာတဲ့ သူမ ကြိုက်တတ်တဲ့ ပဲပလာတာ တစ်ထုတ် ထိုးထည့်ပေးလိုက်တယ်။

YOU ARE READING
သူငယ်ချင်း မှသည်.. (TBC)
Romance(ဝတ္ထု − ယမင်းဥမ္မာ) ကိုယ်ပိုင်ကာရိုက်တာများနဲ့ တည်ဆောက်ထားတဲ့ ပေါ့ပေါ့ပါးပါး အချစ် ဝတ္ထုလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တကယ်ကို အချစ်သီးသန့် ရိုးရိုးရှင်းရှင်း ဝတ္ထုလေး တစ်ပုဒ်ပါ။ ငယ်ငယ်ကတည်းက ခင်လာကြတဲ့ သူငယ်ချင်းလေးယောက်ကြားမှာ သူငယ်ချင်းမှသည် သူငယ်ချင်...