သူငယ်ချင်း မှသည်.. (Part 15)
===
[Unicode]
လွန်ခဲ့သော ၂နှစ် တက္ကသိုလ်ပထမနှစ် နှစ်ကုန်ပိုင်း
အောင်မင်းမြတ် ၁၈နှစ်ပြည့်မွေးနေ့မှာ စီပွားရေးမှာ အောင်မြင်နေတဲ့ သူ့အမေဆီက မွေးနေ့လက်ဆောင် ကားတစ်စီး ရလာတယ်။ လဲ့လဲ့ဖြူလည်း သူမရဲ့ ၁၈နှစ်ပြည့် မွေးနေ့မှာ အရင်ကတည်းက ချမ်းသာပြီးသာဖြစ်တဲ့ သူမတို့ အိမ်က လက်ဆောင်ပေးတဲ့ ကားတစ်စီး ရထားပေမယ့် သူမက ကားမောင်းရတာ မနှစ်သက်တဲ့အတွက် တစ်ကျောင်းတည်း တက်တဲ့ အောင်မင်းမြတ်နဲ့ပဲ ကားကြုံလိုက်စီး နေဖြစ်တယ်။
သူတို့ နှစ်ယောက် တစ်ကားတည်း စီးပြီး ကျောင်းအတူတူ လာလို့ ကောင်မလေးတွေက အတင်းပြောလည်း လဲ့လဲ့ဖြူကတော့ ဂရုစိုက်လေ့ မရှိဘူး။ ဒီလိုဆိုတော့ သူမတို့ သူငယ်ချင်း နှစ်ယောက် အကြောင်းကို မသိကြတဲ့ သူမကို ပိုးပန်းနေတဲ့ သူတွေကိုလည်း ဝေးဝေးမှာ ခွာချထားရာလည်း ရောက်သွားတယ်။
လှယဉ်ထွေးနီ တစ်ယောက်ကတော့ အချစ်ရေးမှာ တိုးတက်မှုရှိနေတယ်။ နိုင်မင်းလတ်နဲ့တော့ မဟုတ်ဘူး။ ကောင်းခန့်ဆိုတဲ့ လှယဉ်ထွေးနီကို စိတ်ဝင်စားနေတဲ့ စီနီယာ အစ်ကိုကြီးနဲ့ပဲ ဖြစ်တယ်။ ကျောင်းပိတ်ရက်တွေ မတိုင်ခင်တုန်းက သူမဆီကနေ ဖုန်းနံပါတ် တောင်းသွားခဲ့ပြီး ကျောင်းပိတ်ရက်တွေမှာ ဖုန်းနဲ့ အဆက်အသွယ် ရှိနေခဲ့ကြတယ်။
ကျောင်းပြန်ဖွင့်တဲ့ အခါမှာတော့ သူမအတန်းဆီကို မကြာခဏဆိုသလို ကောင်းခန့်က အကြောင်းရှာပြီး ရောက်ရောက်လာတတ်တယ်။ သူမနဲ့ တစ်ချိန်လုံး ရှိနေတတ်တဲ့ သူမသူငယ်ချင်း နိုင်မင်းလတ် တစ်ယောက် မျက်မုန်းကျိုးရသည်အထိပေါ့။
===
တစ်နေ့ ကျောင်းမှာ လှယဉ်ထွေးနီ နဲ့ နိုင်မင်းလတ်တို့ အတူတူ စာလုပ်နေကြရင်း သူမဟာ သူရှင်းပြနေတဲ့ စာထဲမှာလည်း စိတ်မပါပဲ ငိုင်နေတာ တွေ့တော့ နိုင်မင်းလတ်က ဘောပင်နဲ့ သူမခေါင်းကို 'တောက်' ခနဲ တစ်ချက် ခေါက်ထည့်လိုက်တယ်။
"စိတ်က ဘယ်တွေ ရောက်နေတာလဲ?"
"ဟင်? အော်... ကိုကောင်းခန့်အကြောင်း စဉ်းစားနေလို့။" သူမ အမှန်အတိုင်း တမင်ဖြေလိုက်တယ်။ သူမ ထင်ထားတဲ့ အတိုင်း နိုင်မင်းလတ် မျက်နှာတည်သွားတာ တွေ့ရတယ်။
YOU ARE READING
သူငယ်ချင်း မှသည်.. (TBC)
רומנטיקה(ဝတ္ထု − ယမင်းဥမ္မာ) ကိုယ်ပိုင်ကာရိုက်တာများနဲ့ တည်ဆောက်ထားတဲ့ ပေါ့ပေါ့ပါးပါး အချစ် ဝတ္ထုလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တကယ်ကို အချစ်သီးသန့် ရိုးရိုးရှင်းရှင်း ဝတ္ထုလေး တစ်ပုဒ်ပါ။ ငယ်ငယ်ကတည်းက ခင်လာကြတဲ့ သူငယ်ချင်းလေးယောက်ကြားမှာ သူငယ်ချင်းမှသည် သူငယ်ချင်...