သူငယ်ချင်း မှသည်.. (Part 4)
===
[Unicode]
လွန်ခဲ့သော ၁၁နှစ် သုံးတန်း အရွယ်
ဘာလိုလိုနဲ့ အတန်းထဲမှာ အဆင့်(၁)ကို ပြိုင်လုနေကြတာ လဲ့လဲ့ဖြူနဲ့ အောင်မင်းမြတ်တို့ နှစ်ယောက် ဖြစ်လာတယ်။ အောင်မင်းမြတ် တစ်ယောက် အဆင့်(၁)ရတာ များလာတော့ လဲ့လဲ့ဖြူ သူ့ကို တော်တော် မကြည်ဘူး ဖြစ်လာတယ်။ ပိုဆိုးတာက သူမရဲ့ သူငယ်ချင်း လှယဉ်ထွေးနီက အောင်မင်းမြတ်ရဲ့ညီ နိုင်မင်းလတ်နဲ့ ခင်နေတာပဲ။
"နင် ငါ့ကို တကယ် မခင်ဘူး မဟုတ်လား?" ဖြူဖြူလဲ့က report card ထွက်တဲ့ တစ်နေ့မှာ လှယဉ်ထွေးနီကို မေးလာတယ်။
"ဟဲ့ တကယ် ခင်တာပေါ့။ ဘာလို့လဲ?" လှယဉ်ထွေးနီ တစ်ယောက် ဘာမှန်းမသိ အငေါက်ခံရတော့မယ် ဆိုတာ သိနေပြီ။
"တကယ် ခင်တယ်ဆိုရင် နင့်ဘေးက နိုင်မင်းလတ်နဲ့ စကားမပြောရဘူး။"
"ဟင် ဘာဆိုင်လို့လဲဟ နင်ကလဲ?"
"နိုင်မင်းလတ်က ငါ့ရဲ့ ပြိုင်ဘက် အောင်မင်းမြတ်ရဲ့ ညီလေ။ နင်သူနဲ့ ပေါင်းရင် ငါ့ကို သစ္စာဖောက်တာနဲ့ အတူတူပဲ။" လဲ့လဲ့ဖြူက ပြောတော့ လှယဉ်ထွေးနီ အကျပ်တွေ့နေပြီ။
"အေးပါ အေးပါ။ နင်မပြောနဲ့ဆို မပြောတော့ပါဘူး။"
နောက်ပိုင်းတွေမှာ လှယဉ်ထွေးနီ တစ်ယောက် နိုင်မင်းလတ်နဲ့ ပေါ်ထင် စကားမပြောတော့ပဲ လဲ့လဲ့ဖြူ မသိအောင် သူတို့နှစ်ယောက် စာနဲ့ပဲ ရေးပြီး တိတ်တိတ်လေး စကားပြောကြရတော့တယ်။
===
တစ်နေ့ လဲ့လဲ့ဖြူက အိမ်စာစာအုပ်တွေ လိုက်သိမ်းတော့ အောင်မင်းမြတ်က နိုင်မင်းလတ်ဆီကနေ အိမ်စာ ကူးရေးနေတာကို သူမ တွေ့ရတယ်။
"အိမ်စာ စာအုပ်ပေးတော့ အောင်မင်းမြတ်။" သူမ လှမ်းတောင်းတယ်။
"နေပါဦး။ ခဏလေးပဲစောင့်။ ငါပြီးတော့မယ်။" အောင်မင်းမြတ်က စာရေးနေရင်း လှမ်းပြောတယ်။
"နင် အခုချက်ချင်း မပေးရင် ငါဆရာနဲ့ တိုင်ပြောမှာနော်။"

YOU ARE READING
သူငယ်ချင်း မှသည်.. (TBC)
Romance(ဝတ္ထု − ယမင်းဥမ္မာ) ကိုယ်ပိုင်ကာရိုက်တာများနဲ့ တည်ဆောက်ထားတဲ့ ပေါ့ပေါ့ပါးပါး အချစ် ဝတ္ထုလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တကယ်ကို အချစ်သီးသန့် ရိုးရိုးရှင်းရှင်း ဝတ္ထုလေး တစ်ပုဒ်ပါ။ ငယ်ငယ်ကတည်းက ခင်လာကြတဲ့ သူငယ်ချင်းလေးယောက်ကြားမှာ သူငယ်ချင်းမှသည် သူငယ်ချင်...