သူငယ်ချင်း မှသည်.. (Part 26)
===
[Unicode]
(A/N: အရမ်းအရမ်းကို ကြာသွားခဲ့ပြီမို့ တောင်းပန်ပါတယ်။ ပြီးအောင်တော့ ဆက်ရေးဖို့ အစီအစဉ်ရှိလို့ ဆက်တင်ပါရစေနော်။)
နိုင်မင်းလတ်အတွက် လှယဉ်ထွေးနီ တစ်ယောက် ဆန်ပြုတ်ကို စိမ်ပြေနပြေ ကျကျနန ပြုတ်ပေးပြီးတဲ့နောက်မှာတော့ ကြွေပန်းကန်လေးနဲ့ သေသေချာချာထည့်ပြီး ပြင်ဆင်နေချိန် ထမင်းစားပွဲပေါ်က ဒိုးနတ်ဗူးဆီ သူမ မျက်လုံးရောက်သွားရာ ဒိုးနတ်တစ်ခု ပျောက်နေတာ သူမ လှမ်းတွေ့လိုက်ရတယ်။
"ဟိုတစ်ကောင် ဘယ်တုန်းက လာနှိုက်သွားလဲ မသိဘူး။" သူမဘာသာ သူမပြောလိုက်ရင်း ဆန်ပြုတ်ပန်းကန်တင်ထားတဲ့ ဗန်းကို 'မ'ယူခါ နိုင်မင်းလတ်အခန်းဆီ ဦးတည်သွားလိုက်တယ်။
ဒိုးနတ်စားနေရင် တစ်ခါတည်းတန်းမိအောင် သူမ တမင်သက်သက် တံခါးခေါက်မနေပဲ ဝင်ချသွားလိုက်တာ ထင်ထားတဲ့အတိုင်းပင် အိပ်ယာပေါ်မှာ စောင်ကြီးခြုံရင်း ပါးစပ်ထဲ ဒိုးနတ်ကြီး သွတ်လျက်ရှိနေသော နိုင်မင်းလတ်ကို သူမ တွေ့လိုက်ရတော့တယ်။ ဟိုကလည်း လန့်သွားပြီး မျက်လုံးကြီးပြူးလို့။ လှယဉ်ထွေးနီကတော့ သူ့ဆီကို လျှောက်လာခါ ဆန်ပြုတ်ဗန်းကို အိပ်ယာဘေးက စားပွဲပေါ် လှမ်းတင်လိုက်ပြီး နိုင်မင်းလတ်ဘက် လှည့်လိုက်တယ်။
"ငါထင်တယ်။ ဗူးထဲမှာ တစ်ခုပျောက်နေပါတယ်လို့။"
"ယောက်ျားလေးတစ်ယောက်ရဲ့ အခန်းကို တံခါး မခေါက်ပဲ ဝင်လာရလား?" ပါးစပ်ထဲထည့်နေတဲ့ ဒိုးနတ်ကို ပြန်ထုတ်လိုက်ပြီး သူမကို လှမ်းဟောက်လိုက်တယ်။
"အပိုတွေ ပြောမနေနဲ့။ နင်က ယောက်ျားလေးလား? ဒိုးနတ်သူခိုးရဲ့!!" သူမက ပြောရင်း သူ့လက်ထဲက ဒိုးနတ်ကို ယူဖို့ လှမ်းလိုက်ရင်းပေါ့။ ဒါပေမယ့် နိုင်မင်းလတ်က ရှောင်လိုက်တော့ သူမ ဒိုးနတ်ကို မမိလိုက်ဘူး။ "ပေးစမ်း ငါ့ကို!!"
"တစ်ခုလေး စားတာ ဘာမှ မဖြစ်ပါဘူးဟာ" နိုင်မင်းလတ်က သူမ မမှီအောင် ဒိုးနတ်ကိုင်ထားတဲ့ လက်ကို သူမနဲ့ ဝေးရာဖက်ကို ဆန့်တန်းထားရင်း ညည်းလိုက်တယ်။
ВЫ ЧИТАЕТЕ
သူငယ်ချင်း မှသည်.. (TBC)
Любовные романы(ဝတ္ထု − ယမင်းဥမ္မာ) ကိုယ်ပိုင်ကာရိုက်တာများနဲ့ တည်ဆောက်ထားတဲ့ ပေါ့ပေါ့ပါးပါး အချစ် ဝတ္ထုလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တကယ်ကို အချစ်သီးသန့် ရိုးရိုးရှင်းရှင်း ဝတ္ထုလေး တစ်ပုဒ်ပါ။ ငယ်ငယ်ကတည်းက ခင်လာကြတဲ့ သူငယ်ချင်းလေးယောက်ကြားမှာ သူငယ်ချင်းမှသည် သူငယ်ချင်...