သူငယ်ချင်းမှသည်.. (Part 28)
===
[Unicode]
သူတို့သူငယ်ချင်း လေးယောက်လုံး အားတဲ့ တစ်ရက်မှာတော့ အောင်မင်းမြတ်ကပဲ စပြီး ကျောင်းဆင်းချိန်မှာ ထုံးစံအတိုင်း ဒိုင်ယာရီ စားသောက်ဆိုင်လေးမှာ တွေ့ကြဖို့ ချိန်းလိုက်တယ်။
"စာမေးပွဲက နီးနေပြီ ဘယ်လိုဖြစ်လို့ ဇွတ်ကြီးတွေ တွေ့ချင်နေရတာလဲ?" သူတို့ လေးယောက်လုံး ဆိုင်ရောက်တော့ လဲ့လဲ့ဖြူက စပြီး အောင်မင်းမြတ်ကို လှမ်းပြောလိုက်တယ်။
"ငါတို့ သူငယ်ချင်းတွေ မတွေ့တာ ကြာပြီလေဟာ ဖြူလဲ့ရာ... နင့်သူငယ်ချင်း နှစ်ယောက်ကို နင် မလွမ်းဘူးလား?" လှယဉ်ထွေးနီနဲ့ နိုင်မင်းလတ်ဘက်ကို လက်ယမ်းပြရင်း ပြောလိုက်တယ်။
"နီထွေးနဲ့ ငါက နေ့တိုင်းနီးပါး ဖုန်းပြောနေတာပဲဟာ။ ငယ်လေးနဲ့လည်း တခါတလေ ပြောဖြစ်တာပဲ။ လွမ်းရအောင် မတွေ့ရတာကလည်း ဘယ်လောက်မှ မရှိသေးဘူး။ နင်က ဘယ်လိုဖြစ်လို့ အကဲပိုနေရတာလဲ?" လဲ့လဲ့ဖြူရဲ့ ချေပမှုကို အောင်မင်းမြတ် ရယ်လိုက်တယ်။
"အေးပါ။ အေးပါ။ ငါဝန်ခံပါတယ်။ ငါ ကြေညာစရာရှိလို့ နင်တို့ကို ခေါ်လိုက်တာ ဟုတ်ပြီလား။"
သူတို့ နှစ်ယောက်ကသာ စကားတွေ ဖောင်ဖွဲ့နေတာ လှယဉ်ထွေးနီ ကတော့ ရုပ်တည်ကြီးနဲ့ ထိုင်နေပြီး နိုင်မင်းလတ်ကတော့ မျက်နှာငယ်လေးနဲ့ပေါ့။
"ကြီးကြီးကျယ်ကျယ်နဲ့... ကဲ ဘာကြေညာမလို့လဲ နင်က?" လဲ့လဲ့ဖြူ မေးလိုက်တယ်။
"ငါနဲ့ နီထွေး တွဲနေပြီ။"
"ဟမ်???"
"ဘယ်လို???"
နိုင်မင်းလတ်နဲ့ လဲ့လဲ့ဖြူတို့ဆီက ထွက်လာသံ အသီးသီးပေါ့။
"နီထွေး တကယ်ကြီးလား?" လဲ့လဲ့ဖြူ လှယဉ်ထွေးနီကို ကြည့်ရင်း သေချာမေးလိုက်တယ်။
"အေးဆို..." လှယဉ်ထွေးနီ ပြန်ဖြေလိုက်တယ်။
နိုင်မင်းလတ်ကတော့ လှယဉ်ထွေးနီကို စိုက်ကြည့်နေမိပြီး စကားလုံးတွေ ထွက်မလာသေးဘူး။ ဘယ်ကစပြော ဘာကစမေးရမှန်း သူ မေးခွန်းရှာမရသေးဘူး။

YOU ARE READING
သူငယ်ချင်း မှသည်.. (TBC)
Romance(ဝတ္ထု − ယမင်းဥမ္မာ) ကိုယ်ပိုင်ကာရိုက်တာများနဲ့ တည်ဆောက်ထားတဲ့ ပေါ့ပေါ့ပါးပါး အချစ် ဝတ္ထုလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တကယ်ကို အချစ်သီးသန့် ရိုးရိုးရှင်းရှင်း ဝတ္ထုလေး တစ်ပုဒ်ပါ။ ငယ်ငယ်ကတည်းက ခင်လာကြတဲ့ သူငယ်ချင်းလေးယောက်ကြားမှာ သူငယ်ချင်းမှသည် သူငယ်ချင်...