Part (8) - That Letter

331 16 0
                                    

သူငယ်ချင်း မှသည်.. (Part 8)

===

[Unicode]

ညနေကျောင်းဆင်းတော့ ပျော်ရွှင်နေတဲ့ လှယဉ်ထွေးနီ တစ်ယောက် သူရလာတဲ့ ရည်းစားစာကို အောင်မင်းမြတ်နဲ့ နိုင်မင်းလတ်တို့ ကိုပါ သွားကြွားနေပြန်တယ်။

"တကယ်ကြီးလား? မှင်စာမလေးကိုလည်း ကြိုက်တဲ့သူ ရှိတယ်လား?" ပြောရင်း အောင်မင်းမြတ်က တအံ့တသြနဲ့ သူမလက်ထဲက စာကို လှမ်းဆွဲယူလိုက်တယ်။ နိုင်မင်းလတ်ကတော့ သူမ ပျော်ရွှင်နေတာကို ပြုံးပြုံးပဲ ကြည့်နေလိုက်တယ်။

"ငါတော့ စာပေးတဲ့ သူကို အံ့သြတယ်။ နာမည်မတပ် ဘာမတပ်နဲ့။ အင်းလေ။ နီထွေး လက်သံကို သိလို့ လာရိုက်မှာ ကြောက်လို့လဲ ဖြစ်ချင်ဖြစ်မှာ။" လဲ့လဲ့ဖြူက ပြောတယ်။

"နင်ကလည်းဟယ်! ငါ့ကို ကြိုက်တဲ့ သူကိုတော့ ငါက ရိုက်မလား?! မရိုက်ပါဘူး။ ဟီးဟီး" လှယဉ်ထွေးနီ ရယ်ကျဲကျဲနဲ့ ပြန်ပြောလိုက်တယ်။

အောင်မင်းမြတ်က သူမဆီက စာကို ယူဖတ်ပြီးနောက် နိုင်မင်းလတ်ကို လှမ်းကြည့်တယ်။ နိုင်မင်းလတ် လှယဉ်ထွေးနီကို ပြုံးပြီး ကြည့်နေတာ မြင်လိုက်ရတယ်။

"ဖြူလဲ့ ပြောတာ ဖြစ်နိုင်တယ်။ သူ့လက်သံကို ကြောက်လို့ပဲ ဖြစ်ရမယ်။" အောင်မင်းမြတ်က နိုင်မင်းလတ်ကို ဆက်ကြည့်နေရင်း ဝင်ထောက်ခံ လိုက်တယ်။

===

ညီအစ်ကို နှစ်ယောက် အိမ်ပြန်ရောက်တော့ သူတို့ နှစ်ယောက်ပေါင်းနေတဲ့ အခန်းမှာ−

"ငယ်လေး! မင်း နီထွေးကို ကြိုက်နေတာလား?" အောင်မင်းမြတ်က ကုတင်ပေါ် လွယ်အိတ်ပစ်ချလိုက်ရင်း မေးလိုက်တယ်။

"ဟာဗျာ!! ဘာလို့ ကြိုက်ရမှာလဲ?! ဘာလို့ မေးတာလဲ ကိုအောင်က?" နိုင်မင်းလတ်က ကုတင်ပေါ်မှာ ထိုင်ချလိုက်ပြီး ပြန်ဖြေတယ်။

"မင်းလက်ရေးအတုမှန်း ငါမသိရင် ခက်မယ်။"

"အော် အဲ့စာလား? ဟုတ်တယ် ငါရေးတာ။" နိုင်မင်းလတ် လူမိသွားတဲ့ ရှက်ပြုံးနဲ့ ပြုံးလိုက်ရင်း ပြန်ဖြေတယ်။ "ဒါပေမယ့် သူ့ကို ကြိုက်လို့ မဟုတ်ပါဘူးနော်။ ငါက နီထွေးတစ်ယောက် ဖြူလဲ့နဲ့ သူ့ကိုယ်သူနှိုင်းပြီး စိတ်ဓာတ်ကျနေလို့ သူပျော်သွားအောင် ရည်းစားစာအတု ရေးပြီး ပေးလိုက်တာ။ စာမေးပွဲကြီးလည်း နီးနေပြီမဟုတ်လား။ စိတ်ဓာတ်ကျနေရင် သိတဲ့အတိုင်း သူက စာလုပ်ချင်စိတ် ရှိမှာမဟုတ်ဘူး။" လွယ်အိတ်ထဲက သူ့စာအုပ်တွေ သူ ထုတ်ပြီး စားပွဲပေါ် တင်နေရင်း ပြောတယ်။

သူငယ်ချင်း မှသည်.. (TBC)Where stories live. Discover now