Part (9) - New Feelings

316 14 2
                                    

သူငယ်ချင်း မှသည်.. (Part 9)

===

[Unicode]

"နင်ငါ့ကို ငယ်လေးလို့ ခေါ်လို့ မရတော့ဘူး။" နိုင်မင်းလတ်က လှယဉ်ထွေးနီ သူ့တောင်းဆိုမှုကို လက်ခံလိုက်တဲ့ နေ့မှာ ပြောလာတယ်။

"ဘာလို့လဲ?"

"ရည်းစားတွေ ဖြစ်သွားရင် ဘယ်ကောင်မလေးက သူ့ကောင်လေးကို ငယ်လေးလို့ ကိုယ့်မောင်လေးကို ခေါ်သလို ခေါ်မှာလဲ?! စဉ်းစားလေ နီထွေး" သူမကို သူ ပြန်ရှင်းပြနေတယ်။

သူမက အစကတည်းက ဒီအကြံကို သဘောသိပ်မတူချင်တဲ့ သူဆိုတော့ ဘာမှလည်း ထွေထွေထူးထူး စဉ်းစားနေတာ မဟုတ်ဘူး။ ဒီတိုင်းသာ 'အင်း' 'အဲ' လိုက်နေတာ။

"အော်အော် အေး ဟုတ်တယ်နော်" သူမ စိတ်မပါ့တပါ ပြောလိုက်တယ်။ "ဒါဆို ငါက နင့်ကို ဘယ်လို ခေါ်ရမှာလဲ?"

"နိုင် လို့ခေါ်..." သူက အကြံပေးတယ်။

"နိုင်...?" သူမ ကခေါ်ကြည့်တော့ သူက ကျေနပ်စွာ ခေါင်းညိမ့်ပြလိုက်တယ်။ "ငယ်လေး နင်ဒါတွေကို ဘယ်ကတည်းက စဉ်းစားထားတာလဲဟင်? ငါ နင့်အကြံကို သဘောတူလိုက်တာ ခုဏလေးတင်ကပါ။ ငါးမိနစ်တောင် မပြည့်သေးဘူး။" သူမ မျက်မှောင်ကြုတ်ထားရင်း မေးလိုက်တယ်။

"နံပါတ်တစ် အချက်။ ငါ့ကို ငယ်လေးလို့ နှစ်ယောက်တည်းရှိတဲ့ အချိန်မှာလည်း မခေါ်နဲ့တော့။ နိုင်လို့ပဲ ကျင့်သားရအောင်ခေါ်။ နင့်မေးခွန်းကို ဖြေရရင်တော့ ငါ အရင်နေ့တွေကတည်းက စဉ်းစားထားတာ။ နင်ငါ့တောင်းဆိုချက်ကို လိုက်လျောမယ်ဆိုတာ သိသားပဲဟာ။" နိုင်မင်းလတ်ကတော့ လှယဉ်ထွေးနီကို သူ့ဘက်ဆိုတာ အပိုင်တွက်ထားပြီးသားပဲ။

"ဟုတ်ပါပြီ ငယ်.. မှားလို့... နိုင်ရယ်။ နင်ငါ့ကို တော်တော်နိုင်တာပဲနော်။" သူမ ပြောတော့ သူက ပြုံးပြလိုက်တယ်။

"နင်လည်း ငယ်ငယ်က ငါ့ကို တစ်ချိန်လုံး နိုင်လာခဲ့တာပဲ မဟုတ်ဘူးလား?" သူကပြန်ပြောတော့ သူမ ဘာမှ ပြန်မပြောတော့ဘူး။

===

တစ်ရက် သူတို့ လေးယောက်လုံး သင်တန်းကအပြန် လမ်းထိပ်က ဖက်ထုပ်ဆိုင်မှာ ထိုင်နေကြတုန်း−

သူငယ်ချင်း မှသည်.. (TBC)Where stories live. Discover now