Part (17) - Still in Dilemma

277 20 2
                                    

သူငယ်ချင်း မှသည်.. (Part 17)

===

[Unicode]

နောက်တစ်နေ့မှာတော့ ကောင်းခန့်က လှယဉ်ထွေးနီကို တွေ့ကြဖို့ ချိန်းလိုက်ပြီး ယောက်ျားလေး သူငယ်ချင်းတွေနဲ့ သဝန်တိုနေရတဲ့အတွက် ပင်ပန်းလာပြီဆိုတဲ့ အကြောင်းပြနဲ့ သူမကို လမ်းခွဲစကား ပြောလာခဲ့တယ်။ သူမ လုံးဝ မထင်ထားခဲ့မိဘူး။ သူမမှာ ရုပ်ချောတဲ့ ငယ်သူငယ်ချင်းတွေရှိလို့ ရည်းစားပစ်ခံရမယ်လို့ မထင်ထားခဲ့မိဘူး။ ထိုနေ့က သူမ ဘာမှတောင် ပြန်မပြောနိုင်ပဲ ငူငူငိုင်ငိုင်နဲ့သာ အိမ်ပြန်သွားခဲ့ရတယ်။

===

သူတို့ သူငယ်ချင်းတွေ 'ဒိုင်ယာရီ' မှာ ဆုံကြတဲ့ နေ့ရောက်တော့ လှယဉ်ထွေးနီ ဒေါသတကြီးနဲ့ သူမရဲ့ ယောက်ျားလေး သူငယ်ချင်း နှစ်ယောက် ဖြစ်တဲ့ အောင်မင်းမြတ်နဲ့ နိုင်မင်းလတ်တို့ ညီအစ်ကိုနှစ်ယောက်ကို အော်ပါတော့တယ်။

"နင်တို့နှစ်ကောင်နဲ့ သူငယ်ချင်း လုပ်မိတဲ့ ငါ့ကိုယ်ငါပဲ အပြစ်တင်တယ် သိလား?" သူမ က အစမရှိ အဆုံးမရှိ ပြောလာတော့ သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ကြောင်သွားကြတာပေါ့။

"နီထွေး ဘာဖြစ်လာတာလဲ?" လဲ့လဲ့ဖြူက မေးလိုက်တယ်။

"ငါ့ကို... ငါ့ကို ကိုကောင်းက ဖြတ်သွားပြီ။ အီး ဟီး ဟီး" သူမ ဝမ်းနည်းပက်လက်နဲ့ ပြောလိုက်တယ်။

"အဲ့ဒါကြောင့် နင် တစ်နေကုန် မျက်နှာမကောင်း ဖြစ်နေတာကိုး" နိုင်မင်းလတ်လည်း အခုမှ သဘောပေါက်တော့တယ်။ တစ်ဖက်က အောင်မင်းမြတ်ကတော့ ပြုံးစိစိ ဖြစ်နေလေတယ်။

"အေး အဲ့ဒါ နင်တို့ နှစ်ယောက်ကြောင့်!!" သူမက ငိုသလိုလို ဖြစ်နေရာကနေ ထအော်ပြန်တော့ နိုင်မင်းလတ် ထပ်လန့်သွားရပြန်တယ်။ အောင်မင်းမြတ်ကတော့ သူလုပ်တာ သူသိတဲ့အတွက် ပြုံးမြဲ ပြုံးဆဲပဲ။

"ဟဲ့ သူတို့နဲ့ ဘယ်လို ဆိုင်လို့လဲ?" လဲ့လဲ့ဖြူက မေးတော့ လှယဉ်ထွေးနီ အကုန် ပြန်ပြောပြလိုက်တယ်။

"ဟုတ်တယ်။ အဲ့ဒါ နင်တို့ နှစ်ယောက်ကြောင့်။" အကုန် သိပြီးသွားတဲ့ နောက်မှာ လဲ့လဲ့ဖြူကပါ ဝင်ထောက်ခံ ပေးလိုက်တယ်။ "နင်တို့ နှစ်ယောက်သာ ငါမပါပဲ နီထွေးကို သွားမတွေ့ကြရင် ဒီလို ဖြစ်လာစရာ အကြောင်းမရှိဘူး။"

သူငယ်ချင်း မှသည်.. (TBC)حيث تعيش القصص. اكتشف الآن