Part (14) - Confusing Feelings

323 17 2
                                    

သူငယ်ချင်း မှသည်.. (Part 14)

===

[Unicode]

သူတို့ သူငယ်ချင်းတွေ အားလုံး အောင်မင်းမြတ်နဲ့ နိုင်မင်းလတ်တို့ရဲ့ ဦးလေးကျွေးတဲ့ နေ့လည်စာကို ဆိုင်မှာ စားသောက်ပြီးနောက် ခဏ နားနေကြတယ်။ လှယဉ်ထွေးနီ တစ်ယောက် ချမ်းချမ်း ရှိတာနဲ့ ရပ်ထားတဲ့ ကားဆီ ပြန်သွားပြီး တဘက်ကို ရေညှစ်ခါ ခြုံထားရင်း တစ်ယောက်တည်း ကားပေါ်မှာ ထိုင်နေလိုက်တယ်။

အခုလို တစ်ယောက်တည်း နေနေတော့ နိုင်မင်းလတ်ဆီလည်း အကြည့်တွေ မရောက်အောင် တားနေစရာ မလိုတော့ဘူးပေါ့။ ခုဏက ထမင်းစားတုန်းကဆို သူမရှေ့မှာ ထိုင်တဲ့ နိုင်မင်းလတ်ကိုပဲ သူမ အကြောင်းမဲ့စွာ ခဏခဏ ခိုးကြည့်နေမိလို့ ကိုယ့်ဘာကိုယ် ပြန်ထိန်းနေခဲ့ရတာလေ။ သူမဟာ သူမကိုများ သူက ဂရုတစိုက် ကြည့်နေသလားဆိုတဲ့ အတွေးနဲ့ ခိုးခိုး ကြည့်နေမိတာပေါ့။

ဒီလိုပါပဲ။ လူတစ်ယောက်ကို သူငယ်ချင်းထက်ပိုပြီး သတိထားမိပြီဆိုရင် (သူ့ကြောင့် ကိုယ်ရင်ခုန်မိပြီဆိုရင်) သူကလည်း ကိုယ့်အပေါ် သူငယ်ချင်းထက် ပိုတဲ့ အကြည့်တွေနဲ့ သတိထားကြည့်မိနေမလား? သူ့ကြောင့်ကိုယ် စိတ်လှုပ်ရှားရသလို ကိုယ့်ကြောင့်ရော သူ စိတ်လှုပ်ရှားနေမလား? ဆိုပြီး သဲလွန်စတွေ လိုက်ရှာနေမိတတ်တာ သဘာဝပဲ မဟုတ်လား။

သူမ အတွေးနယ်ကျွံနေတုန်း သူမထိုင်နေတဲ့ ကားဘေးကို ယောက်ျားလေး တစ်အုပ်စု ဖြတ်သွားတယ်။ မိန်းကလေး တစ်ယောက်တည်း တဘက်ခြုံပြီး ထိုင်နေတာတွေ့တော့ ဖြတ်သွားတဲ့ အုပ်စုထဲက ကောင်လေးတစ်ယောက်က နောက်ကျန်နေခဲ့ပြီး သူမကို ရိသဲ့သဲ့ စကားလှမ်းပြောတယ်။

"ဟိတ်! တစ်ယောက်တည်းလား?"

သူမ မသိချင်ယောင်ဆောင်ထားသော်လည်း အရမ်းကို စိတ်အနှောက်အယှက် ဖြစ်နေရတယ်။ အခုအချိန်မှာ သူငယ်ချင်းတွေရဲ့ အဝေးမှာ လျှာရှည်ပြီး တစ်ယောက်တည်း လာထိုင်နေမိတဲ့ သူမ တော်တော်ကို နောင်တရနေပြီ။

"စကားပြန်ပြောဦးလေ။" ခုဏက တစ်ယောက်က ရိသဲ့သဲ့ ထပ်ပြောလာတယ်။ (ကားပေါ်တော့ မတက်လာလောက်ဘူး မလား?) ဆို တွေးရင်း သူမ ခေါင်းကို လုံးဝ ငုံ့ထားတယ်။

သူငယ်ချင်း မှသည်.. (TBC)Where stories live. Discover now