သူငယ်ချင်း မှသည်.. (Part 3)
===
[Unicode]
လက်ရှိ
"အောင်မင်းမြတ် နင့်ကို ဘယ်သူက သဘောတူပါတယ် ပြောရသေးလို့လဲ?" လှယဉ်ထွေးနီ ပြောလာတယ်။
"ငါပြောပြီးပြီပဲ။ ၂၄နာရီပဲ စဉ်စားချိန် ရပါမယ်လို့။ နင် ငြင်းမှ မငြင်းခဲ့တာ။" အောင်မင်းမြတ်က ပြန်ပြောတော့ သူမ မျက်နှာကို လက်နဲ့ အုပ်ပြီး "အီး ဟီး ဟီး" နဲ့ ပြန်အော်ငိုနေတော့တယ်။
"နီထွေး တကယ်လား? အောင်အောင် နင့်ကို တကယ်ပဲ ရည်းစားစကား ပြောလိုက်တာလား?" လဲ့လဲ့ဖြူက မေးတော့ သူမ သတိပြန်ရသွားတယ်။ လှယဉ်ထွေးနီ မျက်နှာ ပြန်မော့လာတယ်။
"မဟုတ်ဘူး။ သူငါ့ကို ရည်းစား စကားမပြောဘူး။ သူနဲ့ တွဲရအောင်လို့ပဲ ပြောတာ။"
"ဒါဆို အကြုံးမဝင်ဘူး။ နီထွေး နင်ငြင်းပစ်။ ဘာလဲဟ? မိန်းကလေး တစ်ယောက်ကို ရည်းစား စကားတောင် မပြောပဲ တွဲလို့ ရမလား? အထူးသဖြင့် ငါ့ရဲ့ နီထွေးကို နင် အဲ့လို လုပ်လို့ မရဘူး အောင်အောင်။" လဲ့လဲ့ဖြူက ပြန်ပြောတယ်။
"တော်ပါ ဖြူလဲ့ရာ။ နင် နီထွေးနဲ့ လောင်းထားတာ နီထွေး နိုင်သွားမှာ စိုးလို့ အပိုတွေပြောနေတာ ငါမသိရင် ခက်မယ်။" အောင်မင်းမြတ်ကလည်း ပြန်ပက်တယ်။ "ဒါပေမယ့် ဟုတ်တယ်။ ငါနီထွေးကို ရည်းစားစကား မပြောရသေးဘူး။ နီထွေး ငါနင့်ကို သဘောကျတယ်။ နင်ငါနဲ့ တွဲနိုင်မလား?"
ထိုအချိန်မှာ 'ခလွမ်း' ဆိုတဲ့ အသံနဲ့အတူ သူတို့တွေ အသံလာရာ လှည့်ကြည့်ကြတော့ ကောင်တာနောက်က ဒီစားသောက်ဆိုင် ပိုင်ရှင်ရဲ့ သမီး ပန်းကန်လွတ်ကျသွားတာ ဖြစ်နေတယ်။ သူတို့ လှမ်းကြည့်တာတွေ့တော့ သူမလည်း ရှက်ရှက်နဲ့ ဆိုင်အနောက်ဖက်ကို ပြေးဝင်သွားတော့တယ်။
"ကြည့်ဦး နင်လုပ်တာ။ နင့်ကို ဟိုးအရင်ကတည်းက တစ်ဖက်သတ် သဘောကျနေတဲ့ စင်တီ တစ်ယောက် စိတ်ထိခိုက်သွားပြီ။" နီထွေးက အောင်မင်းမြတ်ကို လှမ်းဟောက်လိုက်တယ်။ "ငါ နောက်နေ့ ဒီဆိုင်ကို တစ်ယောက်တည်းတောင် လာရဲမှာ မဟုတ်တော့ဘူး။"

YOU ARE READING
သူငယ်ချင်း မှသည်.. (TBC)
Romance(ဝတ္ထု − ယမင်းဥမ္မာ) ကိုယ်ပိုင်ကာရိုက်တာများနဲ့ တည်ဆောက်ထားတဲ့ ပေါ့ပေါ့ပါးပါး အချစ် ဝတ္ထုလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တကယ်ကို အချစ်သီးသန့် ရိုးရိုးရှင်းရှင်း ဝတ္ထုလေး တစ်ပုဒ်ပါ။ ငယ်ငယ်ကတည်းက ခင်လာကြတဲ့ သူငယ်ချင်းလေးယောက်ကြားမှာ သူငယ်ချင်းမှသည် သူငယ်ချင်...