Part (20) - I Can't...

341 25 13
                                    

သူငယ်ချင်း မှသည်.. (Part 20)

===

[Unicode]

သူတို့တွေတည်းဖို့ကတော့ ကမ်းခြေနဲ့လည်း နီးတဲ့ လှလည်းလှတဲ့ နေရာမှာရွေးပြီး မျက်နှာချင်းဆိုင် ဗီလာ(villa) နှစ်လုံး ယူလိုက်တယ်။ တစ်လုံးမှာတော့ မိန်းကလေး ၄ယောက် စုနေကြပြီး နောက်တစ်လုံးမှာတော့ ယောက်ျားလေး ၄ယောက် စုနေကြတယ်။

လှယဉ်ထွေးနီတစ်ယောက် ပထမနေ့ညမှာ ကြယ်တွေအပြည့်နဲ့ ညဖက်ကောင်းကင်ကြီးကို ခံစားဖို့ အပြင်ထွက်ထိုင်ချင်သော်လည်း ခြင်ကိုက်လွန်းတဲ့အတွက် တစ်မိနစ်တောင် မပြည့်လိုက်ပဲ အခန်းထဲ ပြန်ဝင်သွားရရှာတယ်။

ညအိပ်ဖို့ အိပ်ယာရွေးကြတော့ နှစ်ယောက် တစ်ကုတင် အိပ်ဖို့အတွက်မှာ လဲ့လဲ့ဖြူနဲ့ ဘယ်သူမှ မအိပ်ချင်ကြဘူး။ ဘာလို့ဆို သူမက အိပ်နေရင်း အရမ်းကန်တတ်တယ်လေ။ ကျန်တဲ့ သုံးယောက်က ရှုံးတဲ့သူ သူမနဲ့ အိပ်ကြေးဆိုပြီး စုံစုံစွိချနေတုန်း လဲ့လဲ့ဖြူတစ်ယောက် ကုတင်ပေါ်မှာ ခေါင်းအုံးကြီး ပိုက်၊ မျက်နှာကြီး ဆူပုပ်လို့ပေါ့။

နောက်ဆုံးတော့ လှယဉ်ထွေးနီ တစ်ယောက် ရှုံးသွားခဲ့တယ်။ အထုပ်လေးပိုက်ပြီး လဲ့လဲ့ဖြူဘေးကို မျက်နှာလေး ရှုံ့မဲ့ ရှုံ့မဲ့နဲ့ ရောက်သွားတော့တယ်။

===

ယောက်ျားလေးတွေ အိပ်ဆောင်မှာတော့ အောင်မင်းမြတ်နဲ့ နိုင်မင်းလတ်တို့ နှစ်ယောက် အကြပ်တွေ့နေကြတယ်။ သူတို့ နှစ်ယောက်က ဘယ်သူနဲ့မှ တစ်ကုတင်တည်း မအိပ်ဖူးတော့ အခုလို ကုတင်ရှဲယ်ပြီး အိပ်ရမယ်ဆိုတော့ ဘာလုပ်ရမှန်း မသိ ဖြစ်နေတယ်။ သော်စင်က အောင်မင်းမြတ် ထိုင်နေတဲ့ကုတင်ပေါ် ပစ်လှဲလိုက်ပြီး−

"ဟေ့ကောင် မင်းနဲ့ငါ အတူတူ အိပ်ရအောင်။" သူ့အပြောမှာ အောင်မင်းမြတ် တစ်ယောက် မျက်လုံးပြူးသွားရှာတယ်။

မိန်းကလေးတွေသာ ထည်လဲတွဲနေတာ အောင်မင်းမြတ်ဟာ သူ့ညီဝမ်းကွဲ နိုင်မင်းလတ်နဲ့ကလွဲလို့ တခြား ကောင်လေးတွေနဲ့ ဖက်လဲတကင်းနေဖူးတာ မဟုတ်ဘူး။ အခုလို အတူတူတောင် အိပ်ရမယ်ဆိုတော့?

သူငယ်ချင်း မှသည်.. (TBC)Where stories live. Discover now