Part (5) - First Fight

338 20 0
                                    

သူငယ်ချင်း မှသည်.. (Part 5)

===

[Unicode]

လွန်ခဲ့သော ၉နှစ်  ငါးတန်းအရွယ်

ယောက်ျားလေးနဲ့ မိန်းကလေး အတူတူ မထိုင်ကြရတော့တဲ့အတွက် သူတို့ လေးယောက်လည်း နေရာကွဲသွားကြတယ်။ အရင်ကလို သိပ်ပြီး စကားမပြောဖြစ်ကြတော့ဘူး။ လဲ့လဲ့ဖြူက အတန်းခေါင်းဆောင် ဖြစ်တဲ့အတွက် အလုပ်တွေ ပိုများလာသလို စာဘက်မှာ အပြိုင်အဆိုင် စိတ်ကလည်း ပိုများလာခဲ့တယ်။ အောင်မင်းမြတ်ကိုတင် မဟုတ်တော့ပဲ တခြားသူတွေနဲ့ပါ အမြဲပြိုင်နေတော့တယ်။ သူမဘေးက လှယဉ်ထွေးနီကတော့ ပျော်ပျော်ရွှင်ရွှင်ပဲ တခြား မိန်းကလေးတွေနဲ့ စကားတွေလိုက်များလိုက် ပတ်ဆော့လိုက်လုပ်နေတုန်း။

အောင်မင်းမြတ်ကတော့ စာအပြင် အားကစားပါ ဝါသနာပါလာတဲ့အတွက် ကျောင်းက ဘောလုံးအသင်းမှာ ခေါင်းဆောင်နေရာ ရထားတယ်။ သူက လဲ့လဲ့ဖြူကလွဲလို့ ဘယ်သူနဲ့မှ စာလိုက်ပြိုင်မနေဘူး။ လဲ့လဲ့ဖြူကိုက ငယ်ငယ်ကတည်း ပြိုင်လာလို့ အကျင့်ပါပြီး ဆက်ပြိုင်နေတာ။ နိုင်မင်းလတ်ကတော့ အရင်ကထက်ပိုပြီး တိတ်ဆိတ်ငြိမ်သက်သွားတယ်။ မနှစ်က အဖြစ်အပျက်တွေ ပြီးတဲ့ နောက်မှာ ပိုပြီး မှိုင်မှိုင်တွေတွေ ဖြစ်လာတယ်။ လှယဉ်ထွေးနီလည်း သူ့ကို သတိရရင် သတိရသလို စကားလာလာပြောပေးရှာပါတယ်။ ဒါပေမယ့် အိမ်မှာ အဆင်မပြေတော့ သူငယ်ချင်းတွေ ကြားထဲလည်း သူဟာ အထီးကျန်နေတုန်းပဲ။

တစ်နေ့ လဲ့လဲ့ဖြူနဲ့ လှယဉ်ထွေးနီတို့ အတန်းထဲက တခြား မိန်းကလေးနှစ်ယောက်နဲ့အတူ အလှည့်ကျ ဘုရားပန်းအိုးဆေးနေကြတုန်း အနားကို တခြားအတန်းက ယောက်ျားလေး တစ်အုပ်စုရောက်လာတယ်။

"ဖယ်ပေး... ငါတို့ဘောလုံး မြောင်းထဲ ကျသွားလို့ ရေဆေးမလို့..." အုပ်စုထဲက ခေါင်းဆောင်လိုလို တစ်ယောက်က ပြောလာတယ်။

"စောင့်နိုင်ရင်စောင့် မစောင့်နိုင်ရင် တခြားနေရာမှာ သွားဆေး..." လဲ့လဲ့ဖြူက မော့တောင် မကြည့်ပဲ ပြန်ပြောလိုက်တယ်။

"ကောင်းကောင်း ပြောနေတုန်း ဖယ်နော်။ မဟုတ်ရင် မျက်ခွက်တွေ အကုန် မြောင်းထဲက ဘောလုံးစာမိသွားမယ်။" ထိုကောင်လေးက ပြန်ပြောတယ်။

သူငယ်ချင်း မှသည်.. (TBC)Where stories live. Discover now