သူငယ်ချင်း မှသည်.. (Part 25)
===
[Unicode]
အောင်မင်းမြတ် တစ်ယောက် ဆုံးဖြတ်လို့ မရတော့တဲ့အဆုံး သူရိန်သန့်နဲ့ သွားတွေ့လိုက်တယ်။ အဲ့မှာ ပိုဆိုးသွားတော့တာပဲ။ ထို ကောင်လေးဟာ အခုလို သုံးခါလောက်ပဲ တွေ့ရသေးတဲ့ အချိန်မှာ သူ့ကို ဖွင့်ပြောလာခဲ့တယ်။ အောင်မင်းမြတ်လို လူကဲခတ်တတ်တဲ့ သူတစ်ယောက်ဟာ ဒါကို ကြိုတော့ သိနေပါတယ်လေ။ ဒါပေမယ့် အခုလို မြန်မြန်ဆန်ဆန် ဖွင့်ပြောလာမယ်လို့တော့ မထင်ထားခဲ့ဘူး။
သူရိန်သန့်က သူ့ကို စဉ်းစားဖို့ အချိန်ပေးပါတယ်။ အောင်မင်းမြတ်ကတော့ ဘာမှ သိပ်ပြန်မပြောပဲ ထွက်လာခဲ့လိုက်တယ်။ သူဘာပြန်ပြောရမှန်းလည်း မသိဘူးလေ။ သူ့ကိုယ်သူလည်း ဘာမှန်း မသေချာသေးဘူး။
အဲ့ဒါတွေကြောင့်လည်း အောင်မင်းမြတ် တစ်ယောက် အရင်လို ရည်းစားမထားတာ ကြာသွားခဲ့တယ်။ သူ့သူငယ်ချင်းတွေကပါ ရိပ်မိလာသည်အထိ သူ ရည်းစားမရှိပဲ အကြာကြီး ဖြစ်နေခဲ့တယ်။ သူ့ကိုကြိုက်တဲ့ မိန်းကလေးတွေ ကတော့ ထုံးစံအတိုင်း အများကြီး ရှိနေပေမယ့် သူက ဒီတစ်ခါမှာတော့ ဘယ်သူ့မှ ရွေးလို့ မရဘူး ဖြစ်နေတယ်။ ရွေးချင်စိတ်လည်း ရှိမနေဘူး။
===
"နင်က ဘာလို့ ရည်းစားမထားပဲ အကြာကြီး နေနေရတာလဲ?" တစ်နေ့ အောင်မင်းမြတ်ရယ်၊ သော်စင်ရယ်၊ လဲ့လဲ့ဖြူရယ် စာလုပ်နေကြတုန်း လဲ့လဲ့ဖြူက မေးလာတယ်။
"ငါ ရည်းစားမထားတာကို နင်က ဘာလို့ စိတ်ဝင်စားနေရတာလဲ? ဘာလဲ ငါ့ကို ကြိုက်နေတာလား?" အောင်မင်းမြတ်က တမင် စလိုက်တယ်။ သော်စင်တစ်ယောက် မျက်လုံးပြူးသွားတာပေါ့။
"ရာရာစစဟယ်။ နင် စော်နဲ့ အရင်လို လျှောက်လည်မနေပဲ စာပဲ ဖိလုပ်နေလို့ ငါ့အတွက် ထိခိုက်လို့ ပြောနေတာ။" လဲ့လဲ့ဖြူ ပြန်ပြောတယ်။
"စော်ရှိရှိ မရှိရှိ ငါနင့်ထက် အမြဲသာတယ်။ အဲ့တော့ ပူမနေနဲ့ ဖြူလဲ့။" အောင်မင်းမြတ် ခနဲ့တဲ့တဲ့နဲ့ ပြန်ပြောလိုက်တယ်။
"အနည်းဆုံးတော့ မင်းစော်ရှိနေရင် ဖြူက တစ်ခါတစ်လေ မင်းကို သာလို့ရတယ်လေကွာ။" သောစင်က အလိုက်မသိပဲ ဝင်ပြောတော့ လဲ့လဲ့ဖြူရဲ့ မျက်စောင်းဒါဏ်ခံလိုက်ရရှာတယ်။ အောင်မင်းမြတ်ကတော့ ရယ်နေတာပေါ့။

VOCÊ ESTÁ LENDO
သူငယ်ချင်း မှသည်.. (TBC)
Romance(ဝတ္ထု − ယမင်းဥမ္မာ) ကိုယ်ပိုင်ကာရိုက်တာများနဲ့ တည်ဆောက်ထားတဲ့ ပေါ့ပေါ့ပါးပါး အချစ် ဝတ္ထုလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တကယ်ကို အချစ်သီးသန့် ရိုးရိုးရှင်းရှင်း ဝတ္ထုလေး တစ်ပုဒ်ပါ။ ငယ်ငယ်ကတည်းက ခင်လာကြတဲ့ သူငယ်ချင်းလေးယောက်ကြားမှာ သူငယ်ချင်းမှသည် သူငယ်ချင်...