Part (23) - The Rescue

310 24 8
                                    

သူငယ်ချင်း မှသည်.. (Part 23)

===

[Unicode]

ခဏဆိုတဲ့ အတိုင်း ခဏကြာတဲ့အထိ နိုင်မင်းလတ်က ဘာစကားမှ မပြောလာတော့−

"ထ... ထတော့ နင့် အင်္ကျီတွေ ရေတွေစိုနေပြီ။" ဆို လှယဉ်ထွေးနီ အသံတုန်တုန်နဲ့ ပြောရင်း တစ်ခါပြန် ရုန်းထဖို့ လုပ်လိုက်တယ်။

ထိုအချိန်မှာ နိုင်မင်းလတ်က သူမလက်ကို မလွှတ်ပေးသေးပဲ ရုတ်တရက် သူမကို တစ်ဖက်ကို လှိမ့်လိုက်တယ်။ အခုဆို သူမက ကမ်းခြေပေါ်မှာ ပက်လက်အနေအထားဖြစ်နေပြီး နိုင်မင်းလတ်က သူမအပေါ်မှာ အုပ်မိုးလို့ပေါ့။ သူမ လုံးဝ ကြောင်ထွက်သွားသလို ရင်တွေလည်း ခုဏကထက်ကို ပိုးစိုးပက်စက် ခုန်တက်လာတယ်။

သူမ မျက်လုံးဟာ အတော်ကို ပြူးကျယ်နေပြီ။ သူမ ပါးတွေလည်း နီတက်လာတာကို နိုင်မင်းလတ် တွေ့လိုက်ရတော့ ကျေနပ်စွာ တစ်ချက်ပြုံးလိုက်ပြီး−

"အခုဆို သရေဖြစ်သွားပြီ။" သူမကို ပြောလိုက်တယ်။

"ဟမ်??" သူမ သူဘာပြောနေမှန်း နားမလည်ဘူး။

"နင်နဲ့ ငါ သရေကျသွားပြီလို့။" သူမအပေါ် အုပ်မိုးထားပြီး ပြုံးကြည့်နေတုန်းပဲ။

"ဘာ.. ဘာကို?"

"အော် ခုဏက နင်ငါ့အပေါ် ခုန်အုပ်လိုက်လို့ ငါ့အင်္ကျီတွေ ရေစိုကုန်တာလေ။ အခု နင့်အင်္ကျီတွေပါ ရေစိုသွားလို့ ငါတို့ သရေဖြစ်သွားပြီလို့။"

"အော် အင်း" သူရှင်းပြမှ သူမ သဘောပေါက်သွားတယ်။ နောက်မှ အသိပြန်ဝင်လာခါ "ဟမ်!!" ဆို သူ့ကို တွန်းပြီး သူမ ဒီတစ်ခါ တကယ် ရုန်းထလို့ ရသွားတယ်။ "ငါနင့်အပေါ် မခုန်အုပ်ပါဘူး။ နင်အဲ့လိုတွေ သူများ လျှောက်ပြောရင် ငါနင့်ကို အသေလိုက်သတ်မှာ။" သူမ သူ့ကို ရအောင် ခြိမ်းခြောက်လိုက်သေးတယ်။

"ဟားဟား ဟားဟား" နိုင်မင်းလတ်ကတော့ ရယ်နေတော့တာပေါ့။

"ငယ်လေးရာ။ နင်!! ကျွတ်~ ငါပါစိုကုန်ပြီ။ ကောင်စုတ်!!"ဆို ပြောပြောဆိုဆိုနဲ့ သူမ ရေတွေကို 'ဖလပ် ဖလပ်' နဲ့ ခါခဲ့ပြီး ထထွက်သွားလိုက်တယ်။

သူငယ်ချင်း မှသည်.. (TBC)Tempat cerita menjadi hidup. Temukan sekarang