သူငယ်ချင်း မှသည်.. (Part 24)
===
[Unicode]
မနက်စာ စားပြီးသွားတော့ တစ်ယောက် စက်ဘီး တစ်စီးစီနဲ့ လဲ့လဲ့ဖြူနဲ့ သော်စင်တို့ ကျောက်ဆောင်တွေ ရှိရာကို ထွက်လာခဲ့လိုက်ကြတယ်။ နှစ်ယောက်သား လျှောက်သွား ဓာတ်ပုံတွေ ရိုက်ပြီး သွားကြတော့ ပြန်ကြဖို့အတွက် စက်ဘီးပေါ် တက်တော့မယ့် လဲ့လဲ့ဖြူနားကို သော်စင်ရောက်သွားတယ်။
"ဖြူ.."
"ဟင် ပြော?" သော်စင်ခေါ်တော့ လဲ့လဲ့ဖြူ စက်ဘီးပေါ် မတက်သေးပဲ ရပ်လိုက်တယ်။
သော်စင် ချက်ချင်း စကား မပြောနိုင်သေးပဲ သူ့ဂုတ်သူပွတ်ရင်း စကားလုံးတွေ ရှာနေတယ်။ လဲ့လဲ့ဖြူလည်း သူ့ကို ကြည့်ပြီး စိတ်ရှည်ရှည်နဲ့ စောင့်နေတယ်။
"ဒီလိုဟာ" သောစင် စကားစပြောလာတယ်။ "နင်သိပါတယ်။ ငါနင့်အဖြေကို စောင့်နေတာ နှစ်နှစ်နီးပါး ရှိတော့မယ်ဆိုတာ။"
"အင်း ငါသိပါတယ်။" လဲ့လဲ့ဖြူ အာနားတဲ့ ခံစားချက်တွေ ဖြစ်လာလို့ ခေါင်းကို ငုံ့ထားရင်း ပြောလိုက်တယ်။
"အဲ့ဒါ ငါအခု~" သော်စင် စကားစလိုက်ပြီးမှ ဘယ်လို ဆက်ပြောရမလဲ မသိလို့ ခဏ ရပ်လိုက်ရပြန်တယ်။
လဲ့လဲ့ဖြူတစ်ယောက် သူပြောထွက်လာမယ့် စကားတွေကို ရင်တထိတ်ထိတ်နဲ့ စောင့်နေမိတယ်။ သော်စင်က သူမကို ဆက်မစောင့်နိုင်တော့ဘူးလို့ ပြောလာမှာကို သူမ ကြောက်နေမိတာ သူမ ခံစားလာရတယ်။
"ငါ..." သူမ စောင့်နေရင်းကနေမှ မစောင့်နိုင်တော့ပဲ ကြားဖြတ်ပြီး စကားစလိုက်တယ်။
"ဟင်?" သူ့အတွေးနဲ့သူ စကားလုံးစီနေတဲ့ သော်စင် ဆီက ထွက်လာတဲ့ အသံ။
"ငါ လက်ခံတယ်။" လဲ့လဲ့ဖြူ မျက်လုံးစုံမှိတ်ထားရင်း ပြောလိုက်တယ်။ သော်စင် တစ်ယောက် ပါးစပ် အဟောင်းသား ဖြစ်သွားတယ်။ "ငါ နင့်ကို လက်ခံတယ်လို့ ပြောတာ။"
"ဖြူ နင်တကယ်ပြောနေတာလား? ငါ့ကို နင့်ချစ်သူအဖြစ် တကယ် လက်ခံပြီလား?"
"အင်း။ နင်ငါ့ကို ဆက်မစောင့်နိုင်တော့ဘူးဆိုပြီး ဖြစ်သွားမှာကြောက်လို့။"

YOU ARE READING
သူငယ်ချင်း မှသည်.. (TBC)
Romance(ဝတ္ထု − ယမင်းဥမ္မာ) ကိုယ်ပိုင်ကာရိုက်တာများနဲ့ တည်ဆောက်ထားတဲ့ ပေါ့ပေါ့ပါးပါး အချစ် ဝတ္ထုလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တကယ်ကို အချစ်သီးသန့် ရိုးရိုးရှင်းရှင်း ဝတ္ထုလေး တစ်ပုဒ်ပါ။ ငယ်ငယ်ကတည်းက ခင်လာကြတဲ့ သူငယ်ချင်းလေးယောက်ကြားမှာ သူငယ်ချင်းမှသည် သူငယ်ချင်...