Part (21) - Definitely on Purpose

314 18 14
                                    

သူငယ်ချင်း မှသည်.. (Part 21)

===

[Unicode]

ခဏနေ အိမ်အပြန်လမ်းရဲ့ တစ်ဝက်ချိုးလောက် ရောက်တော့ ရုတ်တရက် စက်ဘီးတစ်စီး နောက်ကနေ ကျော်တက်ပြီး သူမရှေ့ကို ထိုးရပ်လိုက်လို့ သူမ မနည်း ဘရိတ်အုပ်လိုက်ရတယ်။ မော့ကြည့်တော့ စက်ဘီးပေါ်က နိုင်မင်းလတ် ဖြစ်နေတယ်။

"ဟဲ့ လူကို လန့်သေအောင် လုပ်တာလား?" သူမ ဒေါသထွက်လက်စ အခံနဲ့ အော်ထည့်လိုက်တယ်။

"နင်ကရော ဘာလို့ ငါ့ကို မစောင့်ပဲ ပြန်သွားရတာလဲ?" နိုင်မင်းလတ်ကလည်း ပြန်မေးတယ်။

"ငါက နင့်ကို စောင့်ရမယ်ဆိုတဲ့ rules ရှိလို့လား?"

"ငါ... ငါပြောချင်တာ အဲ့လို မဟုတ်ဘူးလေ။"

"ခေးမာရော? ဘာလို့ မပါလာတာလဲ?" သူမ အခုမှ သူ့စက်ဘီးပေါ်မှာ ခေးမာ မပါလာတာကို သတိရသွားပြီး မေးလိုက်တယ်။

"သူ့စက်ဘီးနဲ့ သူ ဖြူလဲ့ အစ်မနဲ့ ရှေ့ဆက်သွားကြပြီ။" နိုင်မင်းလတ်က ပြန်ဖြေတော့ လှယဉ်ထွေးနီ ကြောင်သွားတယ်။

"ဟင် သူ့စက်ဘီးပျက်နေတာ မဟုတ်ဘူးလား?"

"ချိန်းကြိုးကျနေတာ ငါပြန်တင်ပေးလိုက်လို့ ကောင်းသွားပြီ။" သူပြောတော့မှ သူမ သူ့လက်ကို သတိထားမိတယ်။ စက်ဘီးချိန်းကြိုးက စက်ဆီ အမည်းတွေ စွန်းလို့ရယ်။

"အော် အဲ့လိုလား?" သူမ အခုမှပဲ သက်ပျင်းလေး ခိုးချဖြစ်တော့တယ်။

နောက်တော့ သူမ စက်ဘီးအရှေ့က ခြင်းထဲမှာ ထည့်ထားတဲ့ သူမရဲ့ ကျောပိုးအိတ်ထဲကနေ တစ်ရှူးထုတ်လေး ဆွဲထုတ်လိုက်ပြီး နိုင်မင်းလတ်ဆီကို ကမ်းပေးရင်း−

"ရော့ နင့်လက်မှာ အမည်းတွေ ပေနေတာ သုတ်လိုက်ဦး။" ဆိုပြောတော့ နိုင်မင်းလတ်က မယူဘူး။

"နင်သုတ်ပေး။ ငါ သုတ်တာ မပြောင်ဘူး။"

"ဟမ်.." သူ့အပြောမှာ သူမ ရင်တစ်ချက် ခုန်မိသွားတယ်။

"အကောင်းပြောတာ ငါ ဆိုင်က တစ်ရှူးနဲ့ သုတ်ပြီးပြီ။ မပြောင်လို့ ဒီအတိုင်း ထွက်လာရတာ။"

သူငယ်ချင်း မှသည်.. (TBC)Место, где живут истории. Откройте их для себя