Part (7) - Want a Boyfriend

320 17 0
                                    

သူငယ်ချင်း မှသည်.. (Part 7)

===

[Unicode]

မကြာဘူး လှယဉ်ထွေးနီက သူ့ကို "ခြောက်နေတာလား?" ဆိုတဲ့ မေးခွန်း မေးပြီးနောက် တစ်ပတ်နှစ်ပတ် အတွင်းမှာပဲ အောင်မင်းမြတ် ရည်းစားရသွားကြောင်း သတင်းတွေ ထွက်လာတယ်။ မုန့်စားဆင်းချိန် ထမင်းအတူတူ စားကြတော့ လဲ့လဲ့ဖြူက စမေးလာတယ်။

"အောင်အောင် နင် ရည်းစားရသွားပြီဆိုတာ တကယ်လား?"

"အင်း ဟုတ်တယ်။ A ခန်းက တစ်ယောက်။ အချောလေး။" အောင်မင်းမြတ် ပြုံးပြုံး ပြုံးပြုံးနဲ့ ပြန်ဖြေတော့ လှယဉ်ထွေးနီ မျက်နှာကြီး ပုပ်နေတယ်။

"မခြောက်ကြောင်း ပြလိုက်တာပေါ့လေ နင်က?" လှယဉ်ထွေးနီက လှမ်းပြောတော့−

"ငါက အလုပ်နဲ့ပဲ သက်သေပြတတ်တယ် နီထွေး။" အောင်မင်းမြတ်က ရင်ကော့ပြီး ပြန်ပြောလိုက်တယ်။

"မင်းက စပြောတာလား? သူက စပြောတာလား? ရည်းစားစကားကို။" နိုင်မင်းလတ်က မေးတယ်။

"သူက ပြောတာ။ ငါက လက်ခံလိုက်တာ။" အောင်မင်းမြတ်က ပြောတော့ အကုန်လုံးက 'ဝိုး' ဆို ချီးကျူးနေကြတယ်။

"ကောင်မလေးက သတ္တိရှိတာပဲ။ နီထွေး နင်လည်း အဲ့လို သတ္တိ ရှိလိုက်ရမှာ။" နိုင်မင်းလတ်က တမင် လှော်ပေးတယ်။

"ဘယ်သူလဲ? သူက ဘယ်သူ့ကို အဲ့လို သတ္တိ ရှိလိုက်ရမှာလဲ? နီထွေး နင် ဘယ်သူ့ကို ကြိုက်နေတာလဲ?" လဲ့လဲ့ဖြူက အတင်းမေးတော့တယ်။

"ငါလား? ငါကြိုက်နေတဲ့ သူတွေက အများကြီးပေါ့။ များလွန်းလို့ ဘယ်သူ့ကို သတ္တိရှိရှိ သွားပြောရမှန်းတောင် မသိတော့ဘူး။" သူမ က တမင်ဆက်မမေးတော့အောင် ပြောလိုက်တယ်။

"နီထွေး။ နင်က သတ္တိရှိရုံနဲ့ မရဘူး။ ရုပ်ရည်လေးလည်း ရှိဦးမှ။ နင့်လို မှင်စာရုပ်နဲ့ဆိုရင်တော့ ဘယ်သူမှ ပြန်လက်ခံမှာ မဟုတ်လောက်ဘူး။ ဟားဟား။" အောင်မင်းမြတ်က ရယ်ရင်း ပြောလိုက်တယ်။

"အေး!! နင်မစားနဲ့တော့။ ငါကျွေးတာ စားပြီး ငါ့ကို ဘာစကားပြောတာလဲ? ဟမ်?!" သူမ အိမ်က ယူလာတဲ့ ဟင်းတွေကို ပြန်ဆွဲသိမ်းသွားလိုက်တယ်။ အစားပြန်စားရဖို့အရေး အောင်မင်းမြတ် တစ်ယောက် သူမကို ပြန်တောင်းပန်လိုက်ရရှာတယ်။

သူငယ်ချင်း မှသည်.. (TBC)Where stories live. Discover now