Part (6) - First Crush

325 19 0
                                    

သူငယ်ချင်း မှသည်.. (Part 6)

===

[Unicode]

"ငါမနှစ်ကလို မြို့နယ် အဆင့်မှာ ဆုမရပြန်ဘူးဆိုရင် ငါ့ကို အိမ်က ဆူဦးတော့မယ်။ အောင်အောင် နင် မြန်မြန်ပြောတော့... ငါ ရင်တုန်ပြီး သေသွားနိုင်တယ် အခု။" လဲ့လဲ့ဖြူက ပြောလာတယ်။

"ကိုအောင်... ငါရော ဘယ်လိုလဲ? ဆုရတဲ့ စာရင်းထဲ ဝင်လား?" နိုင်မင်းလတ်ကလည်း လှမ်းမေးတယ်။

"ပထမဆုံး အနေနဲ့ ဖြူလဲ့... နင် အဆူမခံရတော့ဘူး မပူနဲ့..." အောင်မင်းမြတ်လည်း ပြောရော လှယဉ်ထွေးနီ ရော လဲ့လဲ့ဖြူရော 'ရေး' ဆို ထအော်ပြီး တစ်ယောက်ကိုတစ်ယောက် ထဖက်ကြတယ်။

"ဝမ်းသာလိုက်တာ... နင်ပထမဆုံး အကြိမ်အဖြစ် မြို့နယ်အဆင့် ဆုကို ရဖူးသွားပြီ။" လှယဉ်ထွေးနီက လဲ့လဲ့ဖြူကို ဝမ်းသာစွာ ပြောလိုက်တယ်။

"အောင်အောင် ငါ့အဆင့်က ဘယ်လောက်တဲ့လဲ?"

"ငါက မနှစ်က အဆင့်ထက်တစ်ဆင့်တက်သွားတယ်။ နင်က ငါမနှစ်က အဆင့်မှာ။" အောင်မင်းမြတ်က စပ်ဖြီးဖြီးနဲ့ ပြောလိုက်တယ်။

"အရေးထဲ သူ့အဆင့်နဲ့ လာပြောနေတယ်။ နင်တို့ မှတ်မိကြလား? ဒီကောင် မနှစ်က အဆင့်ဘယ်လောက် ရခဲ့လဲဆိုတာ?" လဲ့လဲ့ဖြူက သူမ မမှတ်မိတော့ သူတို့ကို လိုက်မေးတယ်။

"ကိုအောင်က မနှစ်က ကပ်ပြီး ဆုရတာလေ ဟုတ်တယ်မလား? အဆင့်(၃) မဟုတ်လား?" နိုင်မင်းလတ်က ပြောတော့ အောင်မင်းမြတ် ပြုံးပြုံးကြီးနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။

"အိုကေ အိုကေ... အဆင့်(၃)လည်း မဆိုးဘူး။ ဒါဆို ငါ ဆုတက်ယူခွင့် ရသွားပြီ။ ကျေနပ်တယ်။" လဲ့လဲ့ဖြူ သူမဘာသာ သူမ ဖြေသိမ့်နေလိုက်တယ်။ အောင်မင်းမြတ် သူမထက် အဆင့်ကောင်းတာ မကြိုက်သော်လည်းပေါ့။

"ဒါဆို ငယ်လေး... မင်းပဲ ကျန်တော့တယ်။ ဘယ်လိုလဲ မင်းကိုယ်မင်း ဆုရနိုင်မယ်ထင်လား? မရနိုင်ဘူး ထင်လား?" အောင်မင်းမြတ် အရေးထဲ အင်တာဗျူးမေးသလို မေးနေသေးတယ်။

"ကိုအောင် ဒီလို မေးနေပုံထောက်တော့ ကျနော် ဆုရလို့ပဲပေါ့... ဟုတ်တယ်မလား?"

သူငယ်ချင်း မှသည်.. (TBC)Dove le storie prendono vita. Scoprilo ora