Part (11) - The Apology

310 14 0
                                    

သူငယ်ချင်း မှသည်.. (Part 11)

===

[Unicode]

တစ်ဖက်မှာတော့ လှယဉ်ထွေးနီ ရှိရာ သစ်ပင်အောက်ကို အောင်မင်းမြတ် ရောက်လာတယ်။

"ငါ လိုက်မလာနဲ့လို့ ပြောထားတယ် မဟုတ်ဘူးလား?" သူမ ငိုနေရာကနေ အောင်မင်းမြတ် မမြင်အောင် မျက်ရည်ကို ခိုးသုတ်လိုက်ရင်း ပြောလိုက်တယ်။

"သိပါတယ်။ ဒါပေမယ့် ငယ်လေးအခု ဖြူလဲ့ကို ဖွင့်ပြောနေလို့ ငါရှောင်ပေးရင်း ထွက်လာတာ။" သူမဘေးမှာ ဝင်ထိုင်လိုက်ရင်း သူပြောတယ်။

"ဟုတ်လား?" သူမ စိတ်ထဲမှာ စိုးရိမ်စိတ် တချို့ တက်လာရင်း မေးလိုက်တယ်။ "သူ ဖြူလဲ့ကို ဖွင့်ပြောလိုက်ပြီလား?" (ဒါဆို ဖြူလဲ့သာ လက်ခံလိုက်ရင် သူတို့တွေ ချစ်သူတွေ ဖြစ်သွားကြတော့မှာလား?) သူမ စိတ်ထဲမှာ တွေးမိသွားတယ်။

"အင်း ငါ ဖွင့်ပြောခိုင်းလိုက်တာ။"

"နင်က ဘယ်လို သိတာလဲ?" သူမ သူ့ကို လှည့်ကြည့်ပြီး မေးလိုက်တယ်။

"ဖြူလဲ့ က ဟိုတစ်နေ့က ဂစ်တာဆိုင် လိုက်ခဲ့ဖို့ပြောတော့ ငယ်လေးက အဲ့နေ့ညမှာ ဂစ်တာအကြောင်းတွေ သူ့အမေကို မေးနေတာ ကြားလို့။ နောက်တစ်နေ့လည်း ရောက်ရော သူ့ကို အိမ်နားက ဂစ်တာဆိုင်မှာ ဂစ်တာတွေ ရွေးနေတာ တွေ့လိုက်တယ်။" အောင်မင်းမြတ် ပြောတာကို လှယဉ်ထွေးနီ သေချာ နားထောင်နေတယ်။ "နောက်တော့ နင်တို့ နှစ်ယောက်က ဟန်ဆောင်တွဲနေတာဆိုတော့ ငါသဘောပေါက်သွားတာ။ သူ ဖြူလဲ့များ သဝန်တိုမလားဆို လုပ်နေတာပဲ ဖြစ်ရမယ်လို့။"

"နင်ကလေ တကယ် genius ပဲ။" လှယဉ်ထွေးနီ သူ့ကို ချီးကျူးလိုက်တယ်။ "စာမှာတင် တော်တာ မဟုတ်ဘူး။ နင်က လူအကဲခတ်လည်း တော်တယ်။" အောင်မင်းမြတ် ပြုံးလိုက်တယ်။

"ငါ့ကို ချီးကျူးတာဆိုလို့ နင်ပဲ ရှိတယ်။ အေးလေ နင်က ပိန်းတိန်းတိန်းလေး ဆိုတော့ ငါ့ကို ကြည့်ပြီး အားကျနေရှာမှာပေါ့။ ဟုတ်တယ်မလား?" သူကနောက်တော့ သူမ သူ့ကို လှမ်းရိုက်လိုက်တယ်။ "အား!!"

"ငါလေ ဆယ်တန်းပြီးကတည်းက ငါ့အကျင့်ငါ ပြင်မယ်ဆိုပြီး ငါ့သူငယ်ချင်းတွေကို မရိုက်ပဲ ထိန်းလာတာ။ အခုတော့ မရတော့ဘူး။ နင်က ငါ စိတ်တိုနေတဲ့ နေ့မှာမှ လာဆွတာနော်!! ပြောချင်ဦး ငါ့ကို ပိန်းတယ်လို့!!" ပြောရင်း သူမ နောက်တစ်ချက် ထပ်ရိုက်လိုက်ပြန်တယ်။

သူငယ်ချင်း မှသည်.. (TBC)Where stories live. Discover now