Part (19) - Beach Trip

308 23 8
                                    

သူငယ်ချင်း မှသည်.. (Part 19)

===

[Unicode]

လွန်ခဲ့သော ၁နှစ်  တက္ကသိုလ် ဒုတိယနှစ်အပြီး

သူတို့ သူငယ်ချင်းအုပ်စု တက္ကသိုလ် ဒုတိယနှစ်အပြီးမှာတော့ အားလုံးစုပြီး ခရီးထွက်ဖို့ စီစဉ်ထားကြတယ်။ ဒါဟာလည်း တော်တော်လေးကို ညှိယူလိုက်ရတဲ့ ခရီးစဉ်တစ်ခုပေါ့။ လူစုရတာအပြင် သွားဖို့နေရာကိုလည်း ရွေးကြရာမှာ တစ်ယောက် တစ်နေရာစီ သွားချင်နေကြတော့ အတော်ကို စကားများလိုက်ကြရတယ်။

ဒါ့အပြင် သွားခွင့်ပြုဖို့ရာအတွက်လည်း မိန်းကလေး နှစ်ယောက်ခမျာ သူတို့အိမ်ကို မနည်း ခွင့်တောင်းလိုက်ကြရတယ်။လှယဉ်ထွေးနီ တစ်ယောက်ဆို အိမ်နဲ့ အတိုက်အခံ တော်တော်လေးလုပ်လိုက်ရတာ။ သူမအိမ်ကလည်း ကလေးတွေချည်းပဲ သွားကြမှာမို့ စိတ်မချဘူး ဖြစ်နေတာပေါ့။

ဒါနဲ့ သူမလည်း သူမမိဘတွေကို 'သူမဟာ အသက်၁၈နှစ်ပဲ ပြည့်ပြီးနေပြီဖြစ်ကြောင်း'၊ '၁၉နှစ်ပဲ ပြည့်တော့မှာ ဖြစ်ကြောင်း'၊ 'ခရီးလေးတော့ သူငယ်ချင်းတွေနဲ့ ထွက်ခွင့်ပေးသင့်ကြောင်း'၊ 'သူမဟာ ယောက်ျားနောက် လိုက်ပြေးနေတာလည်း မဟုတ်ကြောင်း' မနည်းရှင်းပြပြီး နောက်မှာတော့ လဲ့လဲ့ဖြူရဲ့ အစ်ကိုဝမ်းကွဲနဲ့ အစ်မဝမ်းကွဲတို့လည်း ပါမယ်ဆိုတဲ့အတွက် ကလေးတွေချည်း မဟုတ်တော့လို့ သူမ အိမ်က ခွင့်ပြုပေးလိုက်တယ်။

သွားကြမယ့် သူတွေကတော့ သူတို့ သူငယ်ချင်းလေးယောက်ရယ်၊ လဲ့လဲ့ဖြူရဲ့ အစ်ကိုဝမ်းကွဲနဲ့ အစ်မဝမ်းကွဲရယ်တို့ အပြင် သော်စင်နဲ့ လဲ့လဲ့ဖြူရဲ့ ဆေးကျောင်းက သူငယ်ချင်း ခေးမာတို့ ပါကြတယ်။

ခေးမာဆိုတာ ဆယ်တန်းပြီးခါစတုန်းကလည်း သူတို့ သူငယ်ချင်းတွေနဲ့ သင်တန်းအတူ တက်ဖူးတဲ့ တစ်ယောက်ပဲ။ ထိုအချိန်တုန်းက နိုင်မင်းလတ်နဲ့ လှယဉ်ထွေးနီတို့ ဟန်ဆောင်တွဲခဲ့ကြတဲ့ အချိန်ပေါ့။ အဲ့ကတည်းက သူမဟာ နိုင်မင်းလတ်ကို တစ်ဖက်သတ် ကြိုက်နေခဲ့တာ။

သူတို့ သွားကြမှာကတော့ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် က မောင်းမကန် ကမ်းခြေကိုပဲ ဖြစ်တယ်။ မိန်းကလေးတွေက ကမ်းခြေသွားချင်တယ် ဆိုတာနဲ့ အဖွဲ့ထဲက ဘယ်သူမှ မသွားဖူးသေးတဲ့ ကမ်းခြေတစ်ခုကို ရွေးကြရင်း မောင်းမကန် ကမ်းခြေကို ၃ညအိပ် ၄ရက်ခရီးသွားကြဖို့ ရွေးလိုက်ကြခြင်းပဲ ဖြစ်တယ်။

သူငယ်ချင်း မှသည်.. (TBC)Where stories live. Discover now