သူငယ်ချင်း မှသည်.. (Part 13)
===
[Unicode]
လွန်ခဲ့သော ၂နှစ် သင်္ကြန်ကာလ
တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ ဘဝမှာ ပထမဆုံးထွက်လည်ကြမယ့် သင်္ကြန်ပဲဖြစ်တယ်။ အရင်ကဆို သူတို့ နေကြတဲ့ မြို့နယ်ထဲတင် လမ်းလျှောက်သင်္ကြန် ထွက်ခဲ့ကြတာ။ အခုတော့ ကားနဲ့ မြို့ထဲပါထွက်ပြီး ရေပက်ခံထွက်ဖို့ ချိန်းထားကြတယ်။ အကျနေ့မနက် အစောပိုင်းလောက်မှာ လှယဉ်ထွေးနီတို့ အိမ်ရှေ့ကို အောင်မင်းမြတ်နဲ့ နိုင်မင်းလတ်တို့ရဲ့ ဦးလေးမောင်းလာတဲ့ ရေပက်ခံကား ရောက်လာတယ်။ သူမ ကားပေါ်တက်ဖို့ ပြင်တော့ နိုင်မင်းလတ်က ပထမဆုံး ရေစလောင်းလိုက်ပြီး တစ်ဖက်က အောင်မင်းမြတ်က အိုးမဲတစ်ချက် သုတ်လိုက်တယ်။
"ဟဲ့ သေနာလေးတွေ" သူမဆီက အသံစထွက်လာတယ်။
"ဟားဟား!! တက်တက်။ ပြီးရင် လဲ့လဲ့ဖြူတို့ဆီ ဒိုးမယ်။" အောင်မင်းမြတ်က ပြောပြီး သူမကို ကားပေါ်ဆွဲတင်လိုက်တယ်။ ကားထွက်တော့ သူမ နိုင်မင်းလတ်ဘေးကို ဝင်ထိုင်လိုက်တယ်။
"ငယ်လေး နင် ဆံပင် ဆေးဆိုးထားတာလား?" သူမဘေးမှာ ထိုင်နေတဲ့ နိုင်မင်းလတ်ရဲ့ အညိုရောင် ဆံပင်ကို လှမ်းဖွလိုက်ရင်း မေးလိုက်တယ်။ "ဟယ် ဆံပင်ကလည်း ပျော့နေတာပဲ။"
"ငါသူ့ကို ဆံပင်ဆိုင်ခေါ်သွားပြီး အပြတ်ရှိုင်းပေးလိုက်တာ။" အောင်မင်းမြတ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်တယ်။
"ကောင်းတယ်။ ငါ့သူငယ်ချင်းလေး ချောပြီးရင်း ပိုချောလာတယ်။" သူမက ပြောတော့ နိုင်မင်းလတ်က ပြုံးဖြီးဖြီးနဲ့ ကျေနပ်နေတာပေါ့။
"နင်လည်း ဒီနေ့လှတယ်။" နိုင်မင်းလတ်ကလည်း ပြန်ပြောတော့ အောင်မင်းမြတ် မျက်ခုံးပင့်သွားတယ်။ ဘာကို လှတယ် ပြောတာလဲဆိုတာ သူစဉ်းစားမရဘူး။ သူမ ဝတ်လာတာက ရိုးရိုး ဂျင်းဘောင်းဘီ မီးခိုးရောင်နဲ့ တီရှပ်အဖြူရောင်။
"ဒါနဲ့ နင်တို့ နှစ်ယောက်က couple theme လား?" အောင်မင်းမြတ်က မေးတော့မှ နှစ်ယောက်လုံး ကိုယ့်ဘာကိုယ် ငုံ့ကြည့်ကြရင်း ရယ်မိသွားကြတယ်။ ဘာလို့ဆို နိုင်မင်းလတ်ကလည်း ဂျင်းဘောင်းဘီ အရောင်နု တစ်ထည်နဲ့ တီရှပ် အဖြူရောင်ပေါ်မှာမှ flannel အင်္ကျီလက်တို တစ်ထည်ကို ထပ်ဝတ်ထားလို့ပဲ။

VOCÊ ESTÁ LENDO
သူငယ်ချင်း မှသည်.. (TBC)
Romance(ဝတ္ထု − ယမင်းဥမ္မာ) ကိုယ်ပိုင်ကာရိုက်တာများနဲ့ တည်ဆောက်ထားတဲ့ ပေါ့ပေါ့ပါးပါး အချစ် ဝတ္ထုလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တကယ်ကို အချစ်သီးသန့် ရိုးရိုးရှင်းရှင်း ဝတ္ထုလေး တစ်ပုဒ်ပါ။ ငယ်ငယ်ကတည်းက ခင်လာကြတဲ့ သူငယ်ချင်းလေးယောက်ကြားမှာ သူငယ်ချင်းမှသည် သူငယ်ချင်...