1

10.7K 678 36
                                    

For Unicode

လူချမ်းသာတွေနေတဲ့ရပ်ကွက်ဟုမဆိုနိုင်သော်လည်း အတော်အသင့်သပ်ရပ်အေးချမ်းသော ရပ်ကွက်လေးတစ်ခုထဲသို့ ကားလေးတစ်စီး ချိုးကွေ့၀င်ရောက်လာသည်။

အပင်ခပ်အုပ်အုပ်တွေနှင့် မှိုင်းညို့နေတဲ့ ခြံတစ်ရှေ့တွင် ဦးလေးကြီးတစ်ယောက်က ရပ်လျှက် ထိုမောင်းနှင်လာသော ကားလေးအား လက်လှမ်းပြလိုက်သည်။

" ရှာလိုက်ရတာဗျာ ဦးလေးကလဲဖုန်းကိုတော်တော်နဲ့မကိုင်ဘူး"

" မင်းကရေချိုးနေတုန်းခေါ်တာကိုးကွ!
ကဲလာ အိမ်ထဲကြွ"

ကားထဲကခရီးဆောင်အိတ်တွေရော သူသယ်လာသည့်အထုတ်ကြီးအထုတ်ငယ်တွေကိုပါ ဦးလေးနှင့်သူ နှစ်ယောက်သား
ယိုင်တိုင်တိုင်နှင့်အထဲရောက်အောင်မနည်းသွင်းလိုက်ရသည်။

ဦးလေး၏အိမ်ကကျယ်၏ ၊ရှင်း၏၊ သန့်၏ ။သို့သော်မလှချေ..

ယောကျာ်းလေးတစ်ဦးထဲနေတာမို့
ပစ္စည်းပစ္စယသိပ်မထားလဲပါမည်။

သူကျီးကန်းတောင်းမှောက်ကြည့်နေတာကို သတိထားမိဟန်တူသော ဦးလေးက
အသံအောအောကြီးဖြင့် ရယ်ကာ

"ကြည့်မနေနဲ့ ငါ့တူ..
မင်းအိမ်လောက်တော့ မသားနားဘူး"

" အဲ့တာကြောင့် အမေက ဒီတခါ ဆိုးလ်ကိုလာရင် ဦးလေးအိမ်ကိုအရင်၀င်ရွိုင်းပေးမယ်ဆိုပဲ"

" ကြောက်လှပါချည်ရဲ့ကွာ..
ကဲ မင်းလဲနားအုံး!"

သူလဲတကယ်နားချင်နေပြီမို့ အပေါ်ထပ်ကိုတတ်ကာ အသင့်ပြင်ပေးထားသော ကုတင်လေးပေါ်သို့လှဲချလိုက်သည်။
မရှင်းရသေးသော ပစ္စည်းထုတ်တွေဖြင့် ပွထနေသော အခန်းတွင်းကို ကြည့်ရင်း စိတ်ရှုပ်လာတာကြောင့် ထထိုင်ကာ ခေါင်းရင်းကပြတင်းပေါက်လေးအားဖွင့်လိုက်၏။

အေးမြမြလေညှင်းနှင့်အတူ တစ်ပုံစံထဲလိုဖြစ်နေသော အိမ်လုံးကလေးများကိုပါ မျက်စိပသာဒဖြစ်ဖွယ်တွေ့လိုက်ရသည်။

တစ်ဖက်ခြံထဲကိုလဲလှမ်းမြင်နေရတာမို့ ဒီအတိုင်းကြည့်လိုက်မိတော့ မြက်ခင်းစိမ်းပြင်တွေနှင့်ကြိုးတန်းပေါ်အားကစားဘောင်းဘီတွေ တန်းစီလှမ်းထားတာကိုတွေ့ရ၏။

SpectrumWhere stories live. Discover now