For Unicode
အသံချဲ့စက်က လွှင့်နေတဲ့ သီချင်းတွေက ကျောင်းကြီးကို ပိုအသက်၀င်လှုပ်ရှား ဆူညံစေသည်။
အစ်ကိုယွန်းဂီကတော့ တစ်ဖက်ဘောလုံးအသင်းမှ အကြောလျော့နေသည့် လူတစ်သိုက်နဲ့ စကားထိုင်ပြောနေ၏။
တခြားကျောင်းက လူတွေကလည်း ပွဲလာကြည့်ကျသဖြင့် တက္ကသိုလ်ကြီးတစ်ခုလုံးဟာ အရောင်စုံနေသည်။
ဖက်ဖူးရောင်လက်ရှည်အကွက် ထပ်၀တ်ထားတဲ့ အစ်ကိုယွန်းဂီအပေါ်ကို နေရောင်နုနု က သီးသန့်လေးကျရောက်နေတော့ နူးနူးညံ့ညံ့အလင်းတန်းလေးတစ်ခုနဲ့ နတ်ဘုရားငယ်လေး သက်ဆင်းလာသလို ဖျော့တော့ရှင်းသန့်စွာ....
စကားပြောနေတဲ့ အစ်ကိုယွန်းဂီက လှုပ်ရှားသွားလာနေတဲ့ လူတွေဘက်ကို ဝေ့ကြည့်ရင်း ဂျီမင်ကို မြင်တော့ လှစ်ခနဲပြုံးပြ၏။ သူ့ဘေးက စကားပြောနေတဲ့ အစ်ကိုကြီးကလည်း စူးစမ်းစွာပင် ဂျီမင်အား လှည့်ကြည့်လာသည်။
သူတို့ သုံးယောက်လုံး အကြည့်ချင်းတစ်လှည့်ဆီ ဆုံ နေခိုက် အစ်ကိုယွန်းဂီက လာရန် လက်ယပ်ခေါ်တာကြောင့် ဂျီမင် ရှိုးတို့ရှန့်တန့်နဲ့ပင် ထွက်လာခဲ့လိုက်သည်။
" ဂျီမင်...ဒါ နမ်ဂျွန်း တဲ့
ဘောလုံးအသင်းက "" ဟုတ်...မဂ်လာပါ စီနီယာ "
" အာ ဒီကောင်လေး!အရင်semတုန်းက နာမည်ကြီးလိုက်သေးတယ်နှော "
Pageပေါင်းများစွာမှာ တတ်လာတဲ့ သူ့ပုံတွေကို ရည်ညွှန်းဟန်ရှိသည်။
ဂျီမင်ရှက်ရှက်နဲ့ပဲ ခေါင်းကုတ်ကာရယ်လိုက်ရ၏။" ဟိုမှာ မင်းကို ကင်မ်ဆော့ဂျင် ရှာနေပြီ ထင်တယ် "
မြေပြင်ပေါ်က တုတ်ချောင်းလေးကိုကောက်ကာ ချိုးဖဲ့ နေရင်း အစ်ကိုယွန်းဂီက ဘောလုံးကွင်းဘက်သို့ မေးဆတ်ကာ ပြောသည်။
အစ်ကိုနမ်ဂျွန်းမျက်နှာက ချိုမြသွားကာ
" ဟေ့ကောင်...ငါဒီမှာ "
ဆော့ဂျင် ဟူသော အစ်ကိုကြီးက တော်တော်လေးချောသည်။
အဝေးကလှမ်းကြည့်တာတောင် ထင်းလင်းနေတဲ့ အရှိန်အဝါတွေအပြည့်နဲ့....
ခေါ်သံကြားတော့ လှည့်ကြည့်ကာ တစ်ဖက်သို့ ပြန်လှည့်သွားသည်။
အစ်ကိုယွန်းဂီကိုတောင် ပြုံးပြမသွား..
မျက်နှာထားကတော့ တော်တော်တည်ပုံပင်။
YOU ARE READING
Spectrum
Fanfictionပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။