For Unicode
ပျော်စရာကောင်းတယ်...
သိပ်ကို ပျော်စရာကောင်းတယ်။ကျောင်းသူကျောင်းသားတွေ စည်ကားသိုက်၀န်းနေတဲ့ နေရာမှာ လူတစ်ယောက် က ပန်းစည်းအကြီးကြီးနဲ့ ခပ်ကြော့ကြော့ရပ်နေသည်။
စာမေးပွဲခန်းထဲကနေ ထွက်လာတဲ့ FAတွေ အမောဆို့သေအောင်များ တမင်လာလုပ်ကြံနေသလားထင်ရအောင် ပန်းနုရောင်ပတ်၀န်းကျင်က ခမ်းခမ်းနားနား...
" ကလေးလေး
ကိုယ်ဒီနှစ်ကျောင်းပြီးရင် ကျန်နေခဲ့မဲ့ မင်းကို စိတ်မချဘူး။
ဒီတော့ အချိန်ဆွဲမနေပဲ မင်းက ကိုယ့်အပိုင်ဖြစ်ကြောင်း စိတ်ချရအောင် လုပ်ပေးပါလား "နှင်းဆီဖြူတွေရဲ့ ပွင့်ဖက်တွေက ကိုင်ဆောင်ထားသူ၏လှုပ်ရှားမှုအတိုင်း ခပ်လွင့်လွင့်....
" အင်း ကျေကျေနပ်နပ်လက်ခံတာပေါ့ "
လက်ခုပ်သံတွေက တဖြောင်းဖြောင်း
မခံစားနိုင်လို့ ထွက်သွားတဲ့လူတွေ ဒုနဲ့ဒေးရှိသလို ၊ မေးခွန်းစာရွက်နဲ့ မျက်ရည်သုတ်တဲ့သူကသုတ်နေသည်။" ကြည့်လို့၀ပြီလား ဂျီမင်။
ပြန်ကြစို့ "ဆိုင်ကယ်ပေါ် မှာ ခြေတွဲလောင်းချကာ ထိုင်နေတဲ့ အစ်ကိုယွန်းဂီက ဘေးနားမှာ ဆိုင်ကယ်ဦးထုပ်ပိုက်ကာ ရပ်နေတဲ့ ဂျီမင်ကို လှမ်းပြောတာဖြစ်သည်။
" နေပါအုံး...မိုက်လိုက်တာ
ဒီလိုမြင်ကွင်းမျိုး Facebookပေါ်မှာပဲ မြင်ဖူးခဲ့တာ "" မင်းပြောတော့ နောက်ဘာသာခက်တယ်ဆို! လာတတ်တော့ကွာ
ငါစိတ်ဆိုးတော့မှာနော် မပြောမရှိနဲ့ "" လာပြီ လာပြီ
ဖြေလာတာကျွန်တော်ပါ မင် ပဲ ဒေါသလှိမ့်ထွက်နေတယ် "ဆိုင်ကယ်လေးညင်သာစွာ ထွက်သည်နှင့် သူ့လက်တွေက အလိုအလျောက် မင် ရဲ့ ခါးပေါ်နေသားတကျ....
မင် က အေးစက်ပြီးအနေတည်တဲ့ပုံနဲ့ နာမည်ကြီးသူမို့ သူတို့နှစ်ယောက်ကို သင်္ကာမကင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်တာတွေလည်းရှိသည်။
ဒါတွေကို သူကမဖြေရှင်းသလို မင် က ဂရုမစိုက်....
ဆိုတော့ အေးအေးချမ်းချမ်းပါပဲ။
YOU ARE READING
Spectrum
Fanfictionပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။