For Unicode
ချစ်သူ မမည်သော ချစ်သူ တွေဖြစ်ခဲ့ပြီးနောက် အစ်ကိုယွန်းဂီဟာ သူထင်ထားတာထက်ကို လျို့ဝှက်တတ်တဲ့သူတစ်ဦးဖြစ်ကြောင်း သဘောပေါက်လာရသည်။
ပထမဆုံးက အချိန်ပိုင်းအလုပ်တွေ...
ထိုအချိန်ပိုင်းအလုပ်တွေက အစ်ကိုယွန်းဂီ မုန့်ဖိုးရှာဖို့ လုပ်တာမဟုတ်ပဲ သူတို့ ဘတ်စကတ်ဘော အသင်းထဲမှ တတိယနှစ် အစ်ကိုတစ်ယောက်ရဲ့ ကိုယ်စား ၀င်ကူညီပေးနေတာ ဖြစ်မှန်းသိလာသည်။
ထိုလူစားထိုးကူညီပေးနေတဲ့ အချိန်တိုင်း ဂျီမင်နဲ့ လာလာဆုံတာကတော့ ကံတရားပေါ့။ဒီအကြောင်းကိုလဲ သူတို့ ကန်တင်းမှာ စကားဆက်ရင်း ပြောမိမှဂျီမင်မှာ သိရတာဖြစ်သည်။
" စီနီယာက သိပ်သဘောကောင်းတာကွ! ငွေအားနဲ့ ကူညီရင် ငါမကြိုက်မှန်းလဲ သူသိတယ်။ ဒီတော့ သူကူညီနိုင်တဲ့ဘက်ကနေ စောင့်ကြည့်ပြီး လုပ်ပေးတတ်တယ်...ငါ့မှမဟုတ်ဘူးနော်..ဒီအသင်းကလူတွေအကုန်လုံးကို "
" ငါ ဒုတိယနှစ်က အစာအိမ်ယောင်လို့ ဆေးရုံတတ်ရတော့လည်း စီနီယာပဲ လာစောင့် ၊စရိတ်စက အကုန်ရှင်းတာဗျာ...
ပြီးရင် မသိချင်ယောင်ဆောင်နေရော.."" ငါတို့ ရှေ့က ကျောင်းပြီးသွားတဲ့ စီနီယာကြီးပြောတယ်လေ။
ယွန်းဂီက မေဂျာနဲ့အသင်း ကိုသိပ်ချစ်တာတဲ့...သူရှိနေတာ မင်းတို့အတွက် လက်ဆောင်ပဲတဲ့...
တကယ်လဲ သူသိပ်ချစ်တာပဲကွ။
ထုတ်မပြပဲ နောက်နေအရိပ်တကြည့်ကြည့်နဲ့ နေတတ်တဲ့ လူမျိုးမို့သာ..."" ပြီးတော့ သူကပြောထားသေးတာ..
ဒီနှစ်က သူဒီကျောင်းမှာရှိတဲ့ နောက်ဆုံးနှစ်မို့ အသင်းအတွက် လိုတာတွေအကုန် သူပဲ လုပ်ပေးမယ်တဲ့။
ငါတို့အခုထိ ဘာလုပ်လုပ်၊ဘာစားစား သူလိုက်ရှင်းပေးနေတာပဲ ကြည့်တော့ "အစ်ကိုယွန်းဂီရဲ့ ကောင်းသတင်းတွေက
တစ်ယောက်ပြီးတစ်ယောက်လုပြောရင်း ပိုထင်ရှားလာသည်။
လေးစားတဲ့ စိတ်တွေက ရှိရင်းစွဲ ချစ်ခြင်းကို နှစ်ထပ်မွန်းမံတော့ နှလုံးသားအုတ်မြစ်တွေက ပိုပြီး ခိုင်မာတည်မြဲလာသည်။သူ့ရင်ထဲ ချစ်ခြင်းတွေ ယိုဖိတ်စီးဆင်းနေစဉ်မှာပင် စီနီယာတစ်ယောက်က...
YOU ARE READING
Spectrum
Fanfictionပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။