For Unicode
ဘတ်စကတ်ဘောပြိုင်ပွဲတွေ မစခင်မှာပင် စီနီယာ ယွန်းဂီက နာမည်ကြီးလာသည်။
ဘာလို့နာမည်ကြီးလာရသလဲ ဆိုတော့ အရင်က ပုံတွေ NFမှာပြန်တတ်လာသလို မေဂျာရဲ့pageတွေကလဲ တင်ကြတာကြောင့်ဖြစ်သည်။
နီရဲရဲ ၊ ဖြူလွလွ ၊ နက်စွေးစွေး
အားကစား၀တ်စုံပေါင်းစုံနဲ့ စီနီယာ့အသားအရည် ဖြူအုအုက လိုက်ဖက်ပြီးထင်းထွက်နေတာကို ငြင်းလို့မရ။
ရယ်ခဲပေမဲ့ ပြိုင်ပွဲမှာနိုင်တဲ့အခါ ထွက်လာတဲ့ ရယ်မောနေတဲ့ ပုံတွေက likeတွေအများကြီးနဲ့ ပြန်ပြီး ခေတ်စားလာ၏။
အပြင်ကစီနီယာ ယွန်းဂီကတော့ အဲ့လိုတွေကို ဂရုစိုက်ပုံမပေါ်။ စီနီယာဂင်ဟီးတို့ပြောတာကတော့ ဒီအချိန်ဆိုFB accountတောင် မျက်လုံးနောက်လို့ ဖျက်ထားသတဲ့။
စကားပြောစရာရှိရင် ဖုန်းဆက်ရင်ဆက် မဆက်ရင် messageပို့ရတာများသည်ဟုဆို၏။
ဒီအစ်ကိုကြီးကတော့ ဂျီမင်ရဲ့မျက်လုံးထဲမှာ မိုက်ပြီးရင်းကိုမိုက်နေသောပါပဲ!
" ဂျီမင် အကျီလာယူ "
အားကစား၀တ်စုံအစည်းတွေကိုဖြေရင်း ဝေနေတဲ့ စီနီယာ ယွန်းဂီက ပြောလိုက်တာမို့ ဂျီမင် အမြန်ဆုံးပြေးကာယူလိုက်သည်။
လိမ္မော်ရောင်တောက်တောက်ကလေးကို နက်ပြာလေးစပ်ထားသည့် အကျီက ဒီနှစ်လဲ စီနီယာ့ကိုယ်ပေါ်မှာ ဝံ့ကြွားနေအုံးမှာအသေအချာပါပဲ။
" ယွန်းဂီ! လူအကုန်ဝေပြီးရင် ငါ့ကိုဓာတ်ပုံလာရိုက်ပေးအုံး "
စီနီယာဘုံဟွန်းကအော်နေပေမဲ့ စီနီယာယွန်းဂီကဂရုမစိုက်...အကျီရပြီးသားလူတွေကိုသာ ဘောပင်တစ်ချောင်းနဲ့ နာမည်လိုက်ခြစ်နေသည်။
ပြီးမှ သက်ပြင်းချကာ စီနီယာဘုံဟွန်းကမ်းပေးနေသော ဖုန်းကို သွားယူ၏။
ထို့နောက် ဂျီမင်ရှိရာသို့ ဖြတ်ခနဲကြည့်လာတာမို့ သူခိုးလူမိဖြစ်သလို လန့်သွားရသည်။" မသွားသေးဘူးလား "
" ဗျာ ဟုတ် သွားတော့မှာဗျ "
YOU ARE READING
Spectrum
Fanfictionပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။