3

3.6K 483 47
                                    

For Unicode

" စီနီယာ ဘုံဟွန်း "

ဦးလေးနဲ့အတူ ညနေစာလာစားရင်း ဆိုင်ထဲမှာ စီနီယာ ဘုံဟွန်းကိုတွေ့လိုက်ရတာကြောင့် အားရ၀မ်းသာလှမ်းခေါ်လိုက်သည်။

စီနီယာဘုံဟွန်းအပြင် ဘေးမှာရပ်နေတာက စီနီယာယွန်းဂီ...
နှစ်ယောက်စလုံးက အဖြူရောင်ရှပ် နှင့် ဖဲပြားအနက်သေးသေးလေးတွေ တပ်ထားတဲ့ အကျီ ကို၀တ်ထားသည်။

" ဟေး ဂျီမင်! မှာပြီးပြီလား "

" မမှာရသေးဘူးဗျ အခုမှရောက်တာ"

သူနှင့် စီနီယာဘုံဟွန်းစကားပြောနေတုန်း တစ်ဖက်ဝိုင်းက ခေါ်တာကြောင့် စီနီယာထွက်သွားရသည်။

တအောင့်အကြာ ချိုရှရှအသံတစ်ခုက အေးစက်ညင်သာစွာ ထွက်ပေါ်လာ၏။

" ဘာသုံးဆောင်မလဲခင်ဗျာ "

" ယွန်းဂီ အချိန်ပိုင်းလုပ်နေတာလား"

" ဟုတ် "

သူ့ဦးလေးက ၀မ်းသာအယ်လဲမေးပေမဲ့ စီနီယာက သူ့ပုံစံအတိုင်း ပုံမှန်သာ‌ဖြေသည်။
ဂျီမင်ကသာ မီနူး စာရွက်ကိုင်လိုက် ရေသောက်လိုက်နဲ့ ဘာပြောရမှန်းမသိဖြစ်နေသည်။

" ဂျီမင် ! မင်းဘာစားမှာလဲ "

ဦးလေးက သူ့ဖို့မှာအပြီး ဂျီမင်ကိုပါ မေးငေါ့လျှက် မေးသည်။
စီနီယာယွန်းဂီက မှတ်စုစာအုပ်သေးသေးလေးကို ကိုင်ကာ သူ့ကိုငုံ့ကြည့်နေတာမို့ တုန့်ခနဲတောင်ဖြစ်သွားသည်။

"  ကျွန်တော် စပါကတီ ပဲ စားမယ်ခင်ဗျ  "

ဂျီမင်ခေါင်းလေးငုံ့ရင်း ရိုရိုကျိုးကျိုးမှာတော့ ဦးလေးကရယ်သည်။ စီနီယာယွန်းဂီကတော့ ကောင်းသည် ဆိုးသည် ဘာမှမပြော သူတို့မှာပြီးသည်နှင့်ချာခနဲလှည့်ထွက်သွား၏။

" စီနီယာယွန်းဂီနဲ့ သိတယ်လား "

ဦးလေးကို တိုးတိုးလေးကပ်မေးတော့
ရေတစ်ငုံသောက်ကာ ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်။

"ယွန်းဂီပထမနှစ်ကတည်းက သိတာ..
ကျောင်းတတ်ဖို့ဆိုပြီး လာတာပဲ
မင်းတို့စီနီယာလား..? "

" အင်းလေ ဦးလေးပဲသိတယ်ဆို "

" သိတယ်ဆိုတာ အချင်းချင်းနာမည်ဘာညာသိရုံပဲလေ။ အဲ့ကောင်လေးက အေး‌တာပဲလား ဘာလားမသိဘူး
စကားကိုပြောရဘူး။ သဘောတော့ကောင်းပါတယ် တခုခုလိုအပ်ရင် မပြောရဘူး လာကူညီပေးရှာတယ်"

SpectrumWhere stories live. Discover now