For Unicode
စိတ်ညစ်ညူးရတဲ့ လေ့ကျင့်ချိန်တွေမှာ ဂျီမင်ရဲ့ စိတ်အစာကျွေးရာ ဘုံဌာနလေးကတော့ အစ်ကိုယွန်းဂီရဲ့ မျက်နှာပါပဲ။
အသင်းသားတွေကို စိတ်တိုင်းမကျလို့ နှုတ်ခမ်းပါးတွေကို ကိုက်ပြီး ဆံပင်တွေကို လက်နဲ့လှန်သပ်လိုက်တဲ့ အခါမျိုးဆို အားပါးပါး.... ဂျီမင်ရဲ့ ကမ္ဘာတစ်ခုလုံး ဆွဲအားကင်းမဲ့သွားသလိုကိုခံစားရသည်။
ဒီနှစ် အားကစားပြိုင်ပွဲကတော့ သူတို့ကျောင်းမှာပဲ အိမ်ရှင်အဖြစ် ကျင်းပရတာမို့ သိပ်ကရိကထများမနေ...
သို့သော် ကျောင်းကို ပိုသပ်ရပ်အောင် ခမ်းနားအောင်ပြင်နေရတာနဲ့ ကို သူတို့လဲ အားရတယ်ကိုမရှိတာအမှန်။
ပါချုပ်က တစ်ခုခုလုပ်အားပေးခိုင်းဖို့ အတန်းထဲလာရင် ဂျီမင်တို့ အားကစားသမားအုပ်စုကတော့ လေ့ကျင့်ရေးကွင်းဘက်သို့ လစ်ပြေးတော့တာပင်။
အစ်ကိုယွန်းဂီကတော့ ကျောင်းအတွက်ဆိုရင် တတ်ကြွလွန်းလှသည်။
မေဂျာရှေ့က မြက်တွေနှုတ်လိုက်ကြ၊ အားကစားခန်းမထဲကို ရှင်းလိုက်ကြနဲ့ နားနေသည်ကိုမတွေ့ရတော့။ဒီကြားထဲ ဘောလုံးကွင်းက မြက်တွေကိုပါ သွားညှိပေးနေတတ်သေးသည်။
ဒါ့ကြောင့်လည်း အစ်ကိုယွန်းဂီ ဘယ်လိုပဲ ပါးစပ်က ရိုက်ပေါက်တွေ ပြောပြော တစ်မေဂျာလုံး၊ တစ်ကျောင်းလုံးက ဝိုင်းချစ်ခင်နေကြခြင်းဖြစ်မည်။ပြီးရင် ပြောမရဆိုမရသည့် ထိုအစ်ကိုကြီးက ညနက်သည်အထိ လေ့ကျင့်သေးသည်။
ဂျီမင်ကတော့ ဆေးထည့်တဲ့အိတ်နဲ့ ပလာစတာတွေကိုပဲ အိတ်ထဲထည့်ပိုက်ရင်း ထိုအစ်ကိုကြီးရဲ့ ခြေလှမ်းတွေနဲ့ လှုပ်ရှားမှုတွေကို စိုးရိမ်စွာကြည့်နေရတတ်၏။။မနက်ဖြန်ဆို ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကစပြီ!
ကျန်တဲ့အသင်းတွေက လေ့ကျင့်ဆဲဖြစ်သော်လည်း အစ်ကိုယွန်းဂီ၏ စည်းကမ်းအရ သူတို့ ဘတ်စကတ်ဘောအသင်းကတော့ အပြည့်အ၀ကို အနားယူနေရပြီ ဖြစ်သည်။
ဒါပေမယ့် တခြားအားကစားသမားတွေလိုတာ ကူပေးရအောင် အားကစားရုံထဲမှာပဲ ပျော်ပျော်ပါးပါး နေဖြစ်ကြ၏။
YOU ARE READING
Spectrum
Fanfictionပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။